About Khant KO

3.9K 507 11
                                    

ဒီနေ့တော့ ခန့်ကို အကြောင်းပြောကြရအောင်ပေါ့...

သူ့ကို အားနာနေမိပေမဲ့ သူ့ဆုံးဖြတ်ချက်ကိုလေးစားပေးရမှာပဲလို့လည်းတွေးမိ
ပြန်ရော...

သူက အကူအညီတောင်းခံတတ်တယ်။
တစ်သက်လုံးစောင့်ရှောက်ခံအဖြစ်နေ
လာပေမဲ့ သူ့ရဲ့ မသိစိတ်ကနေ သူ့အမေ
ကို ပြန်စောင့်ရှောက်ချင်နေတယ်။ သူ့
အမေရဲ့ အထီးကျန်မှုကို သူအမြင်ဆုံး
မို့လို့ပဲ။ သူက ခန့်ညီထက် တစ်ဖက်သား
ရဲ့ ခံစားမှုကို ပိုမြင်တတ်တယ်။ ဆိုတော့
သူက အမေ့ကို သနားတယ်။ အရာရာ
ထက် သူရဲ့နောက်ဆုံးရွေးချယ်မှာကအမေပဲ ဖြစ်နေမှာ...

သူ့ညီလေးကိုရော...တစ်ယောက်တည်း
မွေးဖွားလာရင် ကောင်းမှာပဲလို့အမြဲ
ပြောတတ်ခြင်းရဲ့နောက်ကွယ်မှာ စိတ်
နှစ်မျိုးရှိတယ်။ တစ်ယောက်တည်းသာ
ဖြစ်ရင် သူ့အဖေက သူ့ကိုပဲဂရုစိုက်မှာ
လို့တွေးနေမိတာကြောင့်လည်းပါသလို
ဟိုးအနက်ဆုံးမှာ သူမကြည့်ဖြစ်တဲ့ စိတ်
လေးတစ်ခုမှိန်ပျပျရှိတယ်။ အဲ့ဒါဘာလဲ
ဆို  အနီးကပ်အမေရဲ့ ချစ်ခြင်းမေတ္တာ
အရနည်းခဲ့တဲ့ ညီကို သနားတယ်။ သူနဲ့သာ လိုက်မလာခဲ့ရင် ခန့်ညီလည်းတစ်
နေရာရာမှာ ချစ်ပေးမယ့်လူတွေနဲ့တွေ့
မှာ ဆိုပြီးလည်းသူတွေးတယ်။ အဲ့ဒါကို
သူသိနေတဲ့လူတွေကိုသာ ထုတ်မပြတာ။
သူ့ရဲ့ Mentor ဖြစ်တဲ့ မမလတ်ကိုတော့
ပြောပြခဲ့တယ်။ သူအကုန်ထုတ်ပြမှ
လည်း သူ့စိတ်သက်သာလာမယ်ဆိုတာ
သူသိတယ်။ ဒါကြောင့်လည်း နောက်ဆုံးသူ့ညီကိုရော နေသစ်ကိုပါ လွှတ်ပေးလိုက်နိုင်တာပဲ။

သူ့ကောင်မလေး ။ သူတကယ်ချစ်တာ
မချစ်တာထက် မိုးရိပ်က သူ့ရဲ့ ရည်းစား
ဦးပဲ။ သူမ သူ့ကိုချစ်တာ သိတယ်။ သူ့
ကြောင့်ပူလောင်ရတာကိုသိတယ်။
အဲ့ပူလောင်မှုက သူ့အမေရဲ့သူ့အဖေ
ကြောင့် ဖြစ်လာတာ ပူလောင်မှုနဲ့တူ
တယ်။ အဲ့အချက်ကို သတိထားမိတဲ့
အချိန်ကျတော့ အပေးအယူတစ်ခုသူ
လုပ်လိုက်မယ်။ နေသစ်မသိစေချင်
တဲ့ဓာတ်ပုံပိုင်ရှင်က သူ့ညီလေးဆိုတာကို
မသိစေနဲ့...နောက်ပြီး နေသစ်ကို ပြန်
ဆွဲထုတ်ပေး။ ဓာတ်ပုံပြန့်တဲ့ ကောင်
မလေးတွေကို ပြန်တောင်းပန်ခိုင်းခဲ့တယ်
ဒါဟာ ဆက်ဆံရေးတစ်ခုမှာ ယောကျာ်း
လေးတစ်ယောက်မှာရှိသင့်တဲ့ သြဇာ
တစ်ခုကို သုံးပြီး သူကာကွယ်ပေးခဲ့တာ
ပေါ့။ ကောင်မလေးအမြင်မှာလည်း သူ
ဟာ ကာကွယ်ပေးတတ်တဲ့ယောကျာ်း
လေးတစ်ယောက်ဆိုတာမျိုးမြင်သွား
စေတယ်။ နောက်ပြီး ကောင်မလေးကို
အပြစ်မဆိုခဲ့ဘူးနော်။ သူ့ရွေးချယ်မှုကို
လမ်းမှန်ရောက်အောင် သူကိုယ်တိုင်ပါ
ဝင်ကြိုးစားတယ်။ ရေရှည်အတွက် အ
ဆင်ပြေမယ်မပြေမယ် မသိပေမဲ့ လက်
တလောအခြေအနေမှာ နေသစ်ဖြစ်စေ
ချင်တဲ့ အတိုင်း မြွေမသေတုတ်မကျိုး
စေမဲ့ နည်းလမ်းကို သူရွေးနိုင်ခဲ့တယ်
နာကျင်မှုတွေကနေ အတွေ့အကြုံ
ကောင်းတွေကို သူ့နည်းသူ့ဟန်နဲ့သင်ယူ
နိုင်ခဲ့တယ်။ အဲ့လိုလုပ်နိုင်ဖို့အတွက်လည်း သူက အကူအညီတောင်းခံတတ်
တယ်လေ....

sweetsWhere stories live. Discover now