Past Life

2.1K 358 21
                                    

အထုံပါတယ်ဆိုတာကို ယုံတယ်။ အထုံ
ဆိုတာ အဖန်ဖန်ပြုလုပ်ရာကနေ ဘဝကူးတာတောင် ပါလာတဲ့ အလေ့အကျင့်ပဲ။ ဟိုဘဝတည်းက စာရေးဆရာဖြစ်
လာတဲ့ လူက ဒီဘဝမှာ စာရေးဆရာ
ဖြစ်နိုင်လောက်တယ်။ ဟိုတစ်ဘဝ
တလျှောက်လုံး သူက စာရေးခဲ့တာကိုး

အခုတကယ်ပြောချင်တာလာပြီ။

ခမ်းလျန်ဘဝက အထုံတချို့က နေသစ်
မှာ စွဲကပ်ပါလာတယ်။

ငယ်ငယ်က မုန့်ငတ်တဲ့ ကလေးက ချို
ချဥ်လေးတွေ စုထားတတ်တယ်။ ဧဒင်
ပေးတဲ့ အချိုလေးတွေကို အရသာခံရင်းပျော်နေတတ်တဲ့ သူက နေသစ်ဘဝ
မှာ အချိုတွေကြိုက်လာတယ်။
ရှိသမျှ အချိုတွေ ခမ်းလျန်ကိုကျွေးခဲ့
ရတဲ့ ဧဒင်ကတော့

"ဒီလောက်ချိုတာတွေဘာလို့ သောက်
နိုင်ရတာလဲ" ဆိုပြီး အံ့သြနေခဲ့တယ်။

တကယ်တော့ သူပေးခဲ့တဲ့ အထုံပါပဲ။

ခမ်းလျန်က တစ်သက်လုံး မျက်လုံးပြာ
ပြာ အသားဖြူစွတ်စွတ်နဲ့ ဘိုကပြား
လေးကို ကြိုက်ခဲ့ရတော့
နေသစ်ကလည်း သူ့ကိုယ်သူစသိစေ
တာ ဖက်ရှင်ရှိုးတွေက ပိန်ပိန်သွယ်သွယ် နဲ့ အနောက်တိုင်းက အလှလေး
တွေတဲ့...

ဒါလည်း ဧဒင်ပေးလိုက်တဲ့ အစွဲလေးပါ။

ဧဒင်တီးခဲ့တဲ့ သံစဥ်တွေကို ရင်းနှီးခဲ့တဲ့
ခမ်းလျန်ရဲ့ မသိစိတ်ထဲမှာ ဂီတသံစဥ်
တွေနဲ့ ရင်းနှီးနေခဲ့တယ်။

ဒါကြောင့်လည်း နေသစ်က ဂီတနဲ့ပဲ
အလွယ်တကူရင်းနှီးထိတွေ့နိုင်ခဲ့တယ်။

ဒီပါရမီကလည်း ဧဒင်ပေးလိုက်တဲ့
လက်ဆောင်လေးလိုပါပဲ။

ဧဒင်က ခမ်းလျန်ရဲ့ ဘဝဖြစ်ပြီး
နေသစ်ရဲ့ ဘဝကလည်း ခန့်ညီပါပဲ။

ဒီဘဝ ဘဝတွေကိုလည်း ဧဒင်ကပဲ
ဖန်တီးပေးခဲ့တာ။

ရှင်သန်ခြင်း ၊ ဥာဏ်ပညာ နဲ့ ချစ်ခြင်းတရား အရာရာက ဧဒင်ကနေ စတင်ခဲ့တာ။

That is why he is Aden.Our quiet and peaceful Aden is so powerful na~~~

sweetsWhere stories live. Discover now