Cover

3.2K 361 61
                                    

Hello မတွေ့ရတာကြာပေါ့နော်...

ဒီနေ့တော့ဇာတ်ကောင်တွေကိုလွမ်းမှာ
မဟုတ်ဘဲ နိုင်ငံသာ တည်ငြိမ်ခဲ့ရင်
ထုတ်ဖြစ်မယ့်စာအုပ်တွေအတွက် ကိုယ်စဥ်းစားထားတဲ့ စာအုပ်အဖုံးလေး
တွေရဲ့ ဒီဇိုင်းကို ပြောပြချင်လို့ရယ်...
ညခင်းလေး စကားစမြည်ပေါ့...

ပထမကိုယ်စဥ်းစားထားတာ PRO ကို
ထုတ်ချင်ခဲ့တာ။ ကြားထဲ Ex-pect
က စာဖတ်သူတွေကြား တောင်းဆိုမှု
များလာတာနဲ့ စာပေတိုက်နဲ့တိုင်ပင်ပြီး
Ex-pectအရင်ထုတ်ဖြစ်လိုက်တယ်။
နောက် ခြောက်လအကြာ မိုးတွေစရွာ
လာတဲ့ မိုးဦးရာသီခွင်မှာမှ မိုးစက်ခ
ကို ဘဝထဲခေါ်သွင်းမယ်ပေါ့ဆိုပြီး
ဆုံးဖြတ်လိုက်တယ်။

အဖုံးဒီဇိုင်းလေးလည်းစဥ်းစားခဲ့တယ်
အပြာရောင်သမုဒ္ဒရာအောက်ခြေကိုနောက်ခံထားမယ်။ စာအုပ်တစ်အုပ်လုံး
က သမုဒ္ဒရာပဲ။ အဲ့မှာမှ သမုဒ္ဒရာထဲကို
ဖန်စစ်တုရင် အရုပ်လေးတွေ ကျဆင်း
လာတဲ့ ပုံပေါ့။ စာအုပ်က သမုဒ္ဒရာ အပြာရောင်ရယ် ဖန်ကြည်ရောင် ရယ်
အသားပေးထားတာ။ စာအုပ်ကိုလည်း
Season 1 & 2 ခွဲထုတ်မယ်စဥ်းစားထားပြီး Season 1 မှာ ကျဆင်းလာတဲ့
ဖန်စစ်တုရင်ရုပ်တွေထဲမှာ ပတ္တမြားစီထားတဲ့ ရွှေဖြူသရဖူဆောင်းထားတဲ့ Queenရုပ်က ရွှေဖြူသရဖူဆောင်း
ထားတဲ့ KING ရဲ့ဘေးမှာ ယှဥ်လျက်
ရှိနေခဲ့တယ်။
Season 2မှာကျ Queen က ပျောက်
သွားတယ်။ Queen မပါလာတော့ဘူး
ဘုရင်တစ်ပါးနဲ့ သူ့ဘေးက Knights
တွေ Rooksတွေနဲ့ပဲ ကျန်ခဲ့တော့တယ်
အဲ့လိုစဥ်းစားထားတာ။ ဓာတ်ပုံကိုပြင်
ထားတာမဟုတ်ဘဲ အကုန်လုံးကို ပန်း
ချီဆွဲမယ်ပေါ့...စာအုပ်ကိုမြင်လိုက်
တာနဲ့ သမုဒ္ဒရာထဲ ရောက်နေသလိုမျိုး ခံစားရအောင် သေချာလေးအရောင်
စိုစိုလေး ဆွဲမယ်ပေါ့...နောက်ပြီးကိုယ့်နဲ့သိတဲ့ ကာတွန်းဆရာကြီးတစ်ယောက်
က အရင်လက်ရာတွေလို ရှေ့ဆုံးစာ
မျက်နှာမှာ B&W နဲ့ Rain ခ ရဲ့Night Marketပတ်နေတဲ့ နောက်ကျောပုံလေး
ဆွဲပေးမယ်ပြောခဲ့ဖူးတယ်။ ကျောပိုး
အိတ်လေးလွယ် ကင်မရာလည်ပင်း
ဆွဲထားတဲ့ အထာကျကျကောင်လေး
ရဲ့ နောက်ကျောလေးပေါ့...အဲ့လိုစဥ်းစားခဲ့တာ။

နောက်တစ်အုပ်က 2022 January
လထဲမှာ ထွက်ချင်တဲ့ မြတ်နိုးသော်ကအကြင်နာဝေ...

sweetsWhere stories live. Discover now