Part-37

4.5K 504 10
                                    

အပိုင်း - ၃၇

သည်နေ့ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနေ့ ဖြစ်သည် ။
ပြီးခဲ့သောပွဲစဉ်များက
သက်တန့်တို့ခြေထောက်လေးလှုပ်ရုံလောက်နှင့်အနိုင်ရခဲ့ကြသော်ငြား သည်နေ့ကတော့ ဗိုလ်လုပွဲဖြစ်တာကြောင့် ထင်သလောက် လွယ်မှာမဟုတ်ပေ ။ နောက်ပြီး ဒီနေ့ပွဲက သမိုင်းအဆက်ဆက်က ပြိုင်ဘက်အဖြစ်ရှိလာခဲ့တဲ့ ကျောင်းနှင့် ယှဉ်ပြိုင်ကန်ရမှာဆိုတော့ 'ကျောင်းဂုဏ်အတွက် နိုင်ကိုနိုင်မှရမည်' ဆိုသော ဖိအားတွေကလည်း ရှ်ိသေးသည်။

ကျောင်းဂုဏ်က သူတို့လက်...  အဲ... သူတို့ ခြေထဲမှာ ရှိနေတာကြောင့် ကျောင်းအုပ်အပါအဝင် တစ်ကျောင်းလုံးနီးပါးလာအားပေးကြ၍ ဘောလုံးကွင်းထဲ လူအုပ်ကြီးဆိုတာ မနည်းမနော ။ အားပေးကလည်း ကြမ်းမှကြမ်းပင် ။ တစ်ကျောင်းလုံး ကွင်းထဲ ဆင်းမကန်ကြရုံတမယ် သူ့ထက်ငါ အပြင်အဆိုင် အော် ဟစ် အားပေးနေကြ၏။

" အားလုံးပဲ တစ်ချက်လောက် နားထောင်ပေးပါ... ဆရာ ဒီနေ့ ဆော့မယ့် strategy ကိုပြောပြပါမယ်...  ပထမပိုင်းကို တို့အသင်းက တိုက်စစ်နဲ့ ကစားမယ်... ဂိုး ရအောင် အားလုံး စုစုစည်းစည်း စည်းစည်းလုံးလုံးနဲ့ ကြိုးစားကြပါ...  ဆရာ အမြဲပြောသလို ဘောလုံး ကစားရင် တစ်ကိုယ်ကောင်းဆန်လို့ မရဘူး...  အားလုံးစည်းလုံးနေမှ ရမယ်... ဒုတိယပိုင်းကိုတော့ ဂိုးမပေးရရေးကိုပဲ ဦးတည်ပြီး ခံစစ်နဲ့ ထိန်းကစားသွားမယ်...   အဲ့ဒီတော့ ပထမပိုင်းမှာ တိုက်စစ်မှူး အာကာက ဂိုးရအောင် အကောင်းဆုံး ကြိုးစားပေးပါ...  ဒုတိယပိုင်းမှာတော့ ဂိုးသမား သက်တန့်က main ဖြစ်လို့ အမှားမဖြစ်မိအောင် ဂရုစိုက်ပါ...  ဆရာ ပြောခဲ့သလိုပဲ ဘောလုံးအသင်းတစ်သင်းမှာ ဂိုးသမားဟာလည်း အရေးအပါဆုံးလူတစ်ယောက် ဖြစ်တယ်...  ကိုယ့်ဘက်က ဂိုးမပေးရရေးအတွက် ဂိုးသမားမှာ အများကြီး တာဝန်ရှိတာမို့ သက်တန့်ကလည်း တတ်နိုင်သမျှ ကြိုးစားပေးပါ "

ဆရာက သက်တန့်ကို ကြည့်ရင်း ဆိုလာတော့ သက်တန့် ဆရာ့ကို ပြုံးကာ ခေါင်းညိတ်ပြလိုက်သည် ။

ဒီနည်းပြဆရာက မုန်တိုင်းကိုယ်တိုင် ကျောင်းအုပ်ဆီမှာ ဘောလုံးအသင်းကို ကြီးကြပ်ဖို့ တောင်းဆိုပေးထားသော ဆရာဖြစ်တာကြောင့် သက်တန့် ဆရာ့ကိုတော့ လေးစားသည် ။ ဆရာကလည်း လေးစားမှုနှင့် ထိုက်တန်ပြီး ပညာပြည့်ဝတာကြောင့်လည်း ပါပါသည် ။

PhilophobiaWhere stories live. Discover now