Part-24

5K 586 11
                                    

အပိုင်း - ၂၄

" အမလေး... မယ်အိတို့များ မျက်နှာကို လန်းဆန်းလို့ "

ခြံထဲရောက်လျှင်ရောက်ချင်း ရွှင်ပြုံးနေသော ဒေါ်အိငယ်ကို မြင်ပြီး ဒေါ်ချိုသက်က လှမ်းစသည် ။

" ဒီအချိန်မှ မလန်းရင် ဘယ်အချိန်သွားလန်းရမှာလည်း ချိုသက်ရဲ့... နောက်ကျလိုက်တာ နင်ကလည်း... ငါ နင့်ကို စောင့်နေတာကြာပြီ "

" အမလေး... နောက်ကျဆို ညည်းသား ငမွှေထိုးကို နှိုးနေရတာလေ... သူ့အကြောင်း ညည်းလည်း သိသားနဲ့... ဒါတောင် ငါ ဒီမနက် သူ့နှိုးဖို့ အချိန်ရအောင် အစောကြီး ထ ပြင်ဆင်ထားလို့ ဒီအချိန်ရောက်တာ "

ဒေါ်ချိုသက်က နှုတ်ခမ်းလေးမဲ့ကာဆိုတော့ ဒေါ်အိငယ်ပြုံးလိုက်ပြီး

" ဖြစ်ရမယ် ဒီသားအမိကတော့... လာလာ ကားပေါ်ရောက်မှ ဆက်ပြောကြမယ်... အခုလောက်ဆို သား ရိန်ရိန်းလည်း စောင့်နေတော့မယ်... ဖိုးလုံးရေ သွားကြရအောင် "

ဒေါ်အိငယ်သည် ဒရိုင်ဘာကို လှမ်းခေါ်လိုက်ကာ ကားပေါ်အရင်ဝင်ထိုင်လိုက်ပြီးမှ အစောက စကားကို ဆက်၏။

" ရိန်ရိန်းလည်း သား သက်တန့်လို အကျင့်မျိုးလေးတွေရှိရင် ကောင်းမယ် ချိုသက်ရယ်... အဲ့လိုသာဆို ငါ တော့ ပျင်းရတော့မှာ မဟုတ်ဘူး "

ဒေါ်ချိုသက် စကားကြောင့် ဒေါ်အိငယ်က ခြေတခါတခါ လက်တခါခါနှင့်

" အမလေး... မဖြစ်ချင်စမ်းနဲ့ မဖြစ်ချင်စမ်းနဲ့ အိငယ်... သား ရိန်ရိန်းသာ သူ့လို တစ်ပုံစံတည်းဆို ညည်း တစ်လ မပြည့်ဘူး အမောဖောက်ပြီး ဆေးရုံပြန်တက်နေရမယ်... "

ဒေါ်ချိုသက် စကားကိုကြားတော့ဒေါ်အိငယ်ကရယ်သည် ။ စိတ်ထဲတွင်လည်း အားကျစိတ်များက ပြည့်လျက်

" ငါလေ... နင်တို့ သားအမိတွေကို အရမ်း အားကျတာပဲ ချိုသက်ရယ်... သားအမိနှစ်ယောက်က တကျက်ကျက် ဖြစ်နေကြပေမယ့် နင်တို့ကြားက နွေးထွေးမှုလေးက အရမ်းချစ်စရာကောင်းတယ်... ငါဆို သားလေးကို ငယ်ငယ်ထဲက ဆုံးရှုံးခဲ့ရလို့ အဲ့လို တကျက်ကျက် ရန်ဖြစ်ချင်တာတောင် မဖြစ်ရဘူး... အခု ပြန်တွေ့တော့လည်း သားလေးပုံစံက သိပ်မပျော်သလိုပဲ ချိုသက်ရယ် "

PhilophobiaWhere stories live. Discover now