Part-45

4.3K 445 3
                                    

အပိုင်း - ၄၅

အိပ်ရာထက် ခပ်လျှောလျှောမှီကာဒိုင်ယာရီစာအုပ်ကို ဖွင့်လိုက်ရင်း မုန်တိုင်းအတွေးများက မနက်က အဖြစ်အပျက်များဆီသို့ ~~


" M2K "

နန်းတော်တမျှ ခမ်းနားကြီးကျယ်သော အဆင့်မြင့်ဟိုတယ်ကြီးရှေ့မှ ဆိုင်းဘုတ်ကို ကြည့်ကာ မုန်တိုင်း ရေရွတ်လိုက်မိသည် ။

ဟိုတယ်ရှေ့မှာ ကြောင်အအ ရပ်နေမိတုန်း အနောက်တိုင်းဝတ်စုံပြည့်နှင့် လူတစ်ယောက်က သူ့နားရောက်လာပြီး

" သခင်လေး ရောက်လာပြီ "

ထိုလူ့ပုံစံက မုန်တိုင်းကို ရင်းနှီးနေဟန် ။

" ဟို ချစ်စရာကောင်းတဲ့ ကောင်လေးသေးသေးလေးကော မပါဘူးလား "

ထိုလူ့ စကားကြောင့် မုန်တိုင်း ကြောင်သွားမိသည် ။ သူ့စကားက သက်တန့်ကို ရည်ရွယ်မှန်း သိသာလွန်းသည် ။ မုန်တိုင်းနားမှာ ချစ်စရာကောင်းတာဆိုလို့ သက်တန့် တစ်ယောက်သာ ရှိသည်မဟုတ်လား ။ ထိုလူက သက်တန့်ကို ဘယ်လိုများ သိနေတာပါလိမ့် ။

" ခင်ဗျားက သူ့ကို သိလို့လား "

" သိတာပေါ့သခင်လေးရယ်...  အဲ့ကောင်လေး နာမည်က သက်တန့်ရောင်...  သခင်လေးရဲ့ အချစ်ဆုံး သူငယ်ချင်း ဟုတ်တယ်မလား "

" မဟုတ်ဘူး "

" ဗျာ ? "

မုန်တိုင်း စကားကြောင့် ထိုလူက ရေပက်မဝင်စကားပြောနေရာမှ ပါးစပ်အဟောင်းသား ဖြစ်သွားသည် ။

" အချစ်ဆုံးတော့ အချစ်ဆုံးပဲ... နောက်က သူငယ်ချင်း မပါဘူး   "

မုန်တိုင်း အထာပါပါ ပြောလိုက်တော့ ထိုလူက မျက်လုံးထောင့်ကပ်ကာ တစ်ချက်စဉ်းစားဟန် ပြုသည် ။ ပြီးနောက် လက်ဖျောက် တစ်ချက် ဖျောက်ခနဲ တီးလိုက်ပြီး

" အာ...  ကျွန်တော် သိပြီ သူငယ်ချင်းမဟုတ်ရင်.. ညီအစ်ကို...  အချစ်ဆုံး ညီအစ်ကို ဟုတ်တယ်မလား...  ကျွန်တော် ထင်တော့ထင်သား...  သခင်လေးကို မွေးစားထားတဲ့ အိမ်မှာလည်း သားတစ်ယောက်ရှိတယ်ဆို...  အဲ့ကလေးက သူလား"

ထိုလူက တစ်ယောက်တည်း တစ်လွဲထင်ကြေးတွေပေးနေ၍ မုန်တိုင်း မသိမသာ သက်ပြင် ချလိုက်မိသည် ။ ဒါကြောင့် သူ လူတွေနဲ့ စကားများများ မပြောချင်တာ ။

PhilophobiaWhere stories live. Discover now