Pioggia //ABz//

687 24 10
                                    

မိုးစက်တွေ...

တစ်သက်နဲ့ တစ်ကိုယ် အမြဲမုန်းခဲ့တဲ့ မိုးစက်တွေ...
မုန်းတာထက် ကြောက်တာဆို ပိုမှန်မယ်ထင်တယ်
ဒီမိုးရေတွေကပဲ ကျွန်တော့ကို တစ်ယောက်တည်းဖြစ်စေခဲ့တာလေ..

အဖေနဲ့ အမေ ထားသွားခဲ့တဲ့ နေ့ကလည်းမိုးတွေရွာနေခဲ့တယ်
အချစ်ရဆုံး တစ်ဦးတည်းသောသူငယ်ချင်းကို ဆုံးရှုံးလိုက်ရတဲ့‌ နေ့ကလည်း မိုးတွေရွာနေခဲ့တယ်။
ပင်ပန်းခက်ခဲလွန်းခဲ့နေ့တွေဟာလည်း မိုးနေ့တွေပဲ
မိုး‌နေ့တွေမှာ သွေးအိုင်ထဲ လဲခဲ့တဲ့နေ့တွေလည်း ရှိဖူးတယ်
ပြဿနာတွေက မိုးကြောင့်ဖြစ်တာမဟုတ်ခဲ့ပေမဲ့ မိုးနေ့တွေမှာ ဖြစ်ပျက်ခဲ့ရတဲ့အခါ ကျွန်တော်ဟာ ဒီမိုးတွေကို သိပ်ကြောက်တယ်။
မိုးနေ့တွေမှာ ထွေးပွေ့ထားပေးမဲ့ လူတစ်ယောက် မပေါ်လာခင်အထိ ပေါ့လေ။

"မိုးရေ မိုးစက်တွေက အေးတယ် လန်းဆန်းစေတယ်" တဲ့
ဒီလိုနဲ့ပဲ မိုးစက်တွေကြားထဲကို ကိုကိုက ဆွဲခေါ်ခဲ့တယ်။
ကိုကိုပြောသလို မိုးစက်တွေက တကယ်ကို အေးပြီး လန်းဆန်းစေတာ အမှန်ပါပဲ။ မိုးနေ့တွေဟာ ကိုကို့ရင်ငွေ့နဲ့ နွေးနေစေခဲ့တယ်။ မိုးနေ့က အကြောက်တရားတွေဟာ ကိုကို့အနမ်းတွေကြားမှာ ပြေပျောက်ခဲ့ရတယ်။ ဒီလိုနဲ့... ဒီလိုနဲ့ပဲ.. ကျွန်တော်ဟာ ကိုကို့ကြောင့်ပဲ မိုးနေ့တွေကို မြန်မြန်ရောက်စေချင်ခဲ့တာပါပဲ။

Kang Minhee ဆိုတဲ့ ကိုကို~ သူ့ကို စတွေ့ခဲ့တာလည်း မိုးနေ့မှာပဲလေ။

Jun 27, 2008
~မိုးနေ့တစ်နေ့ဖြစ်သည်~

"ဟေ့... ဟေ့ လူ.. ဟေ့လူ.."
ကောင်လေးတစ်ယောက်က မိုးရေထဲ သွေးအိုင်ထဲမှာ လဲနေတဲ့ ကောင်လေးတစ်ယောက် ကို အဆက်မပြတ်ခေါ်နေသည်။ သွေးအလူးလူး နှင့် နှုတ်ခမ်းတွေပြာနှမ်းနေသော ကောင်လေးကြောင့် ထိတ်ထိတ်ပြာပြာလည်း ဖြစ်သွားရသည်။

"သေသွားပြီများလား??"
နှာခေါင်းနားကို ကပ်နားထောင်ကြည့်တော့ အသက်ရှူသံသဲ့သဲ့ကို ကြားရတာမို့ ချက်ချင်းပင် အရေးပေါ်ကား ကို ဖုန်းဆက်လိုက်သည်။
မိုးရေထဲက လူ၏ လူနာရှင်အဖြစ်လည်း ဆေးရုံသို့လိုက်ပါခဲ့ရသည်။
Emergency roomထဲက ကောင်လေးကိုလည်း မျိုးစုံအသက်ကယ်နေကြသည်။ သွေးအိုင်ထဲကလူနှင့် လားလားမှမသက်ဆိုင်သည့်တိုင် Kang Minheeမှာ အပူကြီးပူနေလေသည်။ Emergency roomအပြင်ဘက်တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ပူနေသည်မို့ စိတ်ငြိမ်အောင်ခဏထိုင်ကာ ဆုတောင်းနေလိုက်တော့သည်။
"ကောင်လေး အသက်ရှင်ပါစေ ကောင်လေးဘာမှမဖြစ်ပါစေနဲ့"
ဖြူစင်တဲ့ကလေးရဲ့ ဆုတောင်းမို့လို့လားမသိ ထိုနေ့က မိုးရေထဲက Kim Taeyoung ဟာ အသက်မီခဲ့ပါသည်။

𝗖𝗥𝗔𝗩𝗜𝗧𝗬 𝘖𝘕𝘌 𝘚𝘏𝘖𝘛𝘴Where stories live. Discover now