kiss zone? //gongtang or 03z//

214 18 1
                                    

ကျွန်တော်တို့ ၂ယောက်က အမြဲလိုလို နမ်းဖြစ်ကြတယ်။
ရည်းစားတွေ မဟုတ်ကြပေမဲ့ သာမန်သူငယ်ချင်းထက်လည်း ပိုမယ်ထင်တယ်။

Kim Taeyoung

သူက ကျွန်တော့ရဲ့ငယ်သူငယ်ချင်း...
အချစ်ဦးဆိုလည်းဟုတ်တယ်။
အဆောင်အခန်းဖော်ဆိုလည်း ဟုတ်တယ်။
ပြီးတော့ လက်ရှိကြိတ်ချစ်နေရတယ်သူဆိုလည်း ဟုတ်တယ်။
အင်း... သေချာပေါက် သူ့ဘက်ကတော့ ကျွန်တော်ချစ်နေတာမသိဘူးပေါ့။

သူကတော်တော်လေး ရှုပ်တယ်
အရပ်ရှည်ပြီး ခပ်ချောချော ‌ဆိုတော့လည်း ကောင်မလေးတွေက သိပ်ရူးကြတာ‌ပေါ့။ ပြီးတော့ ပျော်ပျော်နေတတ်တဲ့ သူ့ပုံစံကြောင့်လည်း မပျော်ဝင်ကြတဲ့ သူမရှိသလောက်ပဲ။ ကင်ထယ်ယောင်း ဆိုတဲ့ အမျိုးကလည်း လာကြိုက်သမျှ အကုန်ပြန်တွဲတာပဲ...
ဆိုပေမဲ့ အလွန်ဆုံးမှ တစ်ပတ်ပါပဲ
အင်း... ပုံမှန်တော့ တစ်ယောက်ကို ၃ရက်နှုန်းပေါ့။
ဒါတောင် ကင်ထယ်ယောင်းရဲ့ ရည်းစားlistက လူတွေကျမသွားဘူး။
ကင်ထယ်ယောင်းဆီမှာ အပေါဆုံးက ရည်းစားလို့တောင် ပြောလို့ရတဲ့အထိပဲ။
စွံချက်ကလည်း ပြောမနေနဲ့ မူကြိုကတည်းက ရည်းစားစကားပြောခံရတာ။
အဲ့တုန်းကတော့ ကျွန်တော်က ဒေါသထွက်ခဲ့တာပေါ့
တစ်ချိန်လုံး ကင်ထယ်ယောင်းက အရပ်ရှည်ရှည်နဲ့ စော်ကြည်ပြီး ကျွန်တော့ကိုကျ ဘယ်သူမှလာမကြိုက်ကြလို့ဆိုပြီး ကျွန်တော်က သူ့ကို အမြဲမနာလိုဖြစ်နေတာလို့ ထင်ခဲ့တာ။
နောက်မှတဖြည်းဖြည်းနားလည်သွားခဲ့တာက ကျွန်တော်က သူ့ကိုတခြားသူနဲ့ တွဲမြင်ရတာကို ဝမ်းနည်းနေခဲ့တာပဲ...။

သူကဆိုးတယ်...
ကျွန်တော့ခံစားချက်ကို ဘယ်တုန်းကမှမကြည့်ပေးဘူး
ပျော်အောင်လုပ်တယ် တပြိုင်တည်းမှာပဲ ငိုရအောင်လုပ်တယ်
ရင်ခုန်အောင်လုပ်တယ် တပြိုင်တည်းမှာပဲ ရင်ကွဲရအောင်လုပ်တယ်

သူအကြိမ်ကြိမ်နမ်းတယ်။
တစ်ဖက်မှာလည်း သူနမ်းခဲ့တဲ့ မိန်းကလေးအရေအတွက်က မနည်းမနော။
တစ်ခါတစ်ခါဆိုပြောတတ်သေးတာက "ဒီနေ့နမ်းမှာမို့ မင်းနဲ့အစမ်းလေ့ကျင့်သွားတာ" တဲ့။ အဲ့လိုပြောခံရတိုင်း လူက စိတ်ထဲမှာ တနုတ်နုတ်။
သူ့ဘက်ကတော့ အမြဲရင်ခုန်နေရပေမဲ့ ကင်ထယ်ယောင်းဆိုတဲ့ ကောင် ဘက်ကတော့ သူ့ကို အနမ်းလေ့ကျင့်ဖို့ အရုပ်တစ်ရုပ်လိုသာ သဘောထားသည်မို့။

𝗖𝗥𝗔𝗩𝗜𝗧𝗬 𝘖𝘕𝘌 𝘚𝘏𝘖𝘛𝘴Where stories live. Discover now