Believe Me //minimo//

245 20 14
                                    

ဒီနေ့ Cravity Parkရိုက်ကူးရေးအပြီးမှာတော့ ဂျောင်းမိုတစ်ယောက် မီးဖိုခန်းထဲမှာထိုင်မှိုင်ရင်း ဘူနေသည်။ မင်ဟီးကလည်း သေချာပေါက်သူ့ကိုရွေးမှာပါလို့ အာပေါင်အာရင်းသန်သန် နဲ့ ကြွားလုံးထုတ်ထားတာကို လူရှေ့မှာ သစ္စာဖောက်ချလိုက်တော့ ဖြေမဆည်နိုင်အောင် ဖြစ်ရသည်။ ဘယ်လောက်ပဲ ဂိမ်းဆိုဆို လူတစ်ယောက်လုံးရဲ့ နှလုံးသားကို နင်းချေရလား။

မင်ဟီးဝင်လာတာမြင်တော့ ကျောကို ဆန့်လိုက်ပြီး strawberry milkကို ဆက်သောက်နေလိုက်သည်။ မင်ဟီးကတော့ ရေခဲသေတ္တာထဲက တစ်ခုခုကို နှိုက်ထုတ်နေသည်။ ဘာလုပ်နေလဲတော့မသိ။ ညဘက်ဆို ပုံမှန် memberတွေအားလုံးက strawberry milk ဒါမှမဟုတ် coffee, teaတစ်ခုခုလောက်ပဲ အဆာပြေသောက်ကြပေမဲ့ မင်ဟီးကတော့ တစ်ခုခုစားကိုစားလိုက်ရမှ ကျေနပ်သည်။ ရေခဲသေတ္တာထဲ စားစရာမရှိရင် မီးဖိုချောင်က snacksတွေကို လာမွှေပြီး ဘာမှမရှိရင်တော့ ဝူဘင်းကိုအပူကပ်ပြီး ကင်ချီထမင်းကြော် ကြော်ခိုင်းတတ်သည်။ Dormတစ်ခုလုံးမှာ ဆောင်းမင်းထက် သူကအငယ်လုပ်ပြီး အကြီးတွေကို ဆိုးသည်။ တစ်ခါတစ်လေ အကြီးတွေကိုမဆိုးရရင်လည်း အငယ်တွေကို လိုက်စပြီး အကြောင်းမရှိ အကြောင်းရှာ သူကအပြန်စိတ်ဆိုးတတ်သေးသည်။ ချစ်တော့လည်း အားလုံးက သည်းခံကြတယ်ပေါ့၊ သည်းခံတယ်ဆိုတာထက် မင်ဟီးဆိုတာနဲ့ကို ဘယ်သူကမှ အပြစ်မမြင်ကြတာမျိုး ဖြစ်မည်။ အကြည်ဓာတ်ကလေးဆိုတော့ ဘာလုပ်လုပ် ဘာကိုင်ကိုင် အကုန်ယုယပြီး ချစ်နေကြတာမျိုး။

"ဘာလို့ ညနေက အဲ့လိုမျိုးလုပ်တာလဲ ဟျောင်းကို နာကျင်ရအောင်လို့"

သောက်လက်စ strawberry milk ကို စားပွဲပေါ်ချလိုက်ပြီး ခပ်တိုးတိုး စကားဆိုတော့ ရေခဲသေတ္တာထဲက ကြက်ကြော်ဘူးကို ယူလာပြီး စားပွဲပေါ်ချလိုက်သူက ဂျောင်းမိုကို လှည့်ကြည့်လာသည်။ မင်ဟီးက ဘာကိုဆိုလိုမှန်း တန်းသဘောပေါက်သည်။

"ဂိမ်းနိုင်ချင်လို့ လို့ ပြောတယ်လေ ဟျောင်း"

ထိုင်ခုံကိုဆွဲပြီး စားပွဲမှာဝင်ထိုင်လိုက်ပြီးနောက် ကြက်ကြော်ဘူးကို ဖွင့်ရင်း ကြက်‌ပေါင်တစ်ခုကို ကိုင်၊ ဆော့နဲ့တို့စားနေသည်ကို ဂျောင်းမိုကလည်း တစ်ကွက်ချင်း သေချာလိုက်ကြည့်နေသည်။ ဂျောင်းမိုမျက်နှာက အခုထိ ရွှင်လန်းမလာသေး၊ မင်ဟီးက သစ္စာဖောက်တာပဲဆိုတာကို စိတ်ထဲစွဲနေပြီး အလိုမကျဖြစ်နေသေးတာမို့ မျက်နှာက ဘကြီးမှုန်လို မှုန်ကုပ်နေသည်။

𝗖𝗥𝗔𝗩𝗜𝗧𝗬 𝘖𝘕𝘌 𝘚𝘏𝘖𝘛𝘴Where stories live. Discover now