အပိုင်း( ၁၈ )

36.5K 3.3K 267
                                    

#For Unicode

တစ်ညနေလုံး လျှောက်လည်ထားပြီး လေးယောက်သား hotel ကို ည ခုနှစ်နာရီလောက်မှပြန်ရောက်ကြသည်။သို့သော် မပင်ပန်းနိုင်သေး။ပြန်ရောက်ရောက်ချင်းမှာပဲခိုင်က ဇာတ်လမ်းစတော့သည်။

"မာန်... ခိုင်တို့အဝတ်အစားလဲပြီးရင် မာန်တို့အခန်းထဲလာခဲ့မယ်နော် Uno ဆော့ရအောင်"

"ဟုတ်တယ် ကိုမာန် ဝိုင်သောက်ရင်း Uno
ဆော့ကြမယ်"

ဒီလိုအချိန်ဆို မောင်နှမ နှစ်ယောက်က တိုင်ပင်စရာ မလို။အတိုင်အဖောက်ညီနေတာများ အစ်မလုပ်သူ နောက်က သံယောင်လိုက်ပြီး ထောက်ခံဖို့ အာကာ အဆင်သင့်။လွန်းကို ကြည့်လိုက်တော့လည်း ဘာမှဝင်မပြောဘဲ အေးအေးဆေးဆေးမို့ မာန် ခေါင်းညိတ်ပြလိုက်သည်။

"အိုကေ ခဏနေတွေ့မယ် "

ခိုင် အားတက်သရော ပြောပြီး အဝတ်အစားလဲဖို့
အာကာ့ လက်ကို ဆွဲခေါ်ကာ သူတို့အခန်းဘက်ကိုလျှောက်သွားသည်။မာန် လည်း လွန်းနဲ့အတူ အခန်းရှိရာကို ပြန်လာခဲ့၏။အခန်းထဲရောက်ပြီး မကြာလိုက် မာန့် ဆီကို မေမေ့ ဖုန်းဝင်လာသည်။

.....Ring~Ring.....

"Hello မေမေ"

"သားဟိုမှာ အကုန်အဆင်ပြေလား "

"ပြေတယ်မေမေ အားလုံးအေးဆေးပဲ"

"အေးအေးသားလေး မေမေ့ကိုတစ်ခုခုဆိုဖုန်းဆက်နော် ညဘက်ဆို ကလောမှာအရမ်းအေးတာ နွေးနွေးထွေးထွေး ဝတ်အိပ်ဦး"

"ဟုတ်ကဲ့ပါ မေမေရဲ့"

"ကောင်းပါပြီရှင်...သား သူငယ်ချင်းတွေနဲ့ ပျော်အောင်သာ နေခဲ့"

မာန် တိုးဖွဖွရယ်လိုက်ရင်း...

"သားက မေမေ့ကို လွမ်းနေတာပါနော် "

ထိုအခါ မေမေ့ ရယ်သံလေးက ဖုန်းထဲက ခပ်သဲ့သဲ့ ထွက်လာသည်။

"အမလေး ဟုတ်ပါပြီ မေ့သားလေးရယ်
ကဲ.ပြန်လာမှ အလွမ်းသယ်ဟုတ်ပြီလား...ခုတော့
ပျော်လိုက်ဦး...ဒါဆိုမေမေ ဖုန်းချလိုက်တော့မယ်.."

"ဟုတ် "

မေမေ နဲ့ ဖုန်းပြောပြီးမှ မာန် ဖုန်းကို စားပွဲပေါ်တင်ရင်း လွန်းကို လှမ်းကြည့်မိတော့ အိပ်ရာပေါ်မှာ ခြေပစ်လက်ပစ်လှဲကာ မျက်လုံးလေးမှိတ်ပြီး အမော ဖြေနေပုံရသည်။တစ်နေကုန် လျှောက်လည် ထားတာဆိုတော့ ပင်ပန်းနေမှာပေါ့။မာန် ကြည့်နေရင်း ခေါင်းထဲကို အတွေးတစ်ခု ဖျတ်ခနဲ ဝင်လာ၏။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Where stories live. Discover now