Arc[1.1]ဆွန်းဟွားရှန် ဆွန်းဟွားရှန်

1.2K 144 11
                                    

Arc 1.1 <ဆွန်းဟွားရှန် >
"စီးပွားရေးဧကရာဇ်နှင့် သူ၏ ချစ်ရသူ"
---------------------------------------
---------------------------------------
[Zawgyi]
ပိုင်တစ်ယောက်နာကျင်စွာ နိုးထလာရင်း နာနေသည့်ခေါင်းကို လက်နှင့် ဖိနှိပ်နေမိသည် ။ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သော် အတော်အသင့်ကျယ်သည့် အိပ်ခန်းကိုတွေ့ရှိလိုက်ရသည် ။ အဖြူနှင့် အပြာရောင်ကို လိုက်ဖက်ညီအောင်ပြုလပ်ထားပြီး ပစ္စည်းများကလည်း သန့်ရှင်းသပ်ရပ်နေသည် ။ ပိုင် လည်း အိပ်ရာမှာထိုင်နေရင်း Peony ကို လှမ်းခေါ်လိုက်သည် ။

'Peony ငါ့ကို ဇာတ်ကြောင်း ပို့ပေးတော့'

'Yes Host.'

ဒီကမ္ဘာလေးသည် ပထမကမ္ဘာဖြစ်သည်နှင့်အညီ ကျောင်းသားအချစ်ဇာတ်လမ်း ပေါ့ပေါ့ပါးပါးပင် ဖြစ်သည် ။ ဒီကမ္ဘာ၏ ဇာတ်လိုက်မှာ 'နျန်ကျန်းဝမ်' က နျန် မိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ဆက်သွယ်ရေးအော်ပရေတာရဲ့ CEO တစ်ယောက်ဖြစ်လေတယ် ။
ဒါပေမဲ့ နျန်ကျန်းဝမ် ဟာ သိုသိုသိပ်သိပ် နေထိုင်တာကြောင့် လူတိုင်းသည် နာမည်သာကြားဖူးကြားပြီး လူကိုတော့မမြင်ဖူးကြပေ ။ ဇာတ်လိုက်မကတော့ ဆွန်းမိသားစုရဲ့ တရားမဝင်သမီး 'ဆွန်းဝမ်' ပဲဖြစ်တယ် ။ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မက ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာတွေ့ဆုံကြတာဖြစ်တယ် ။ နျန်ကျန်းဝမ် ဟာ ကျောင်းပြီးပြီးနောက်ပိုင်း သူ့အကြောင်းကို ချပြခဲ့တာကြောင့် လူတွေကအံသြကုန်ကြသည် ။ နျန်ကျန်းဝမ် ဟာ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တာကြောင့် ကျောင်းကိုလာခဲ့စဉ် ဇာတ်လိုက်မ ဆွန်းဝမ် ကို ကျောင်းသားတွေ အနိုင်ကျင့်နေသည် ကိုတွေ့ကာ ကူညီပေးခဲ့ရာမှ ချစ်ကျွမ်းဝင်ခဲ့သည် ။ ဇာတ်လိုက်က ဇာတ်လိုက်မကို ကူညီကာ ဆွန်းမိသားစု၏ အမွေအားလုံးကို ဆွန်းဝမ် ကိုရစေကာ ကျန်သည့် ဆွန်းမိသားစုဝင်များကို ကုန်းကောက်စရာပင်မရှိအောင် လုပ်ခဲ့သည် ။ မကြာမီပင် ဇာတ်လိုက်မလည်း ဇာတ်လိုက်ရဲ့ အချစ်ကိုလက်ခံကာ ကလေး ၃ ယောက်မွေးကာပျော်ရွှင်စွာ နေထိုင်ကာ သေဆုံးခဲ့သည် ။

ပိုင် တစ်ယောက် ဇာတ်လမ်းကို ဖတ်ပြီး ဇာတ်လိုက်မကို တစ်မျိုးထင်မိသည် ။

𝚂𝚊𝚟𝚎 𝚃𝚑𝚎 𝚅𝚒𝚕𝚕𝚊𝚒𝚗 𝙱𝚘𝚜𝚜 ( 𝚄𝚗𝚒𝚌𝚘𝚍𝚎 +𝚉𝚊𝚠𝚐𝚢𝚒)Where stories live. Discover now