Arc 1.3 <ဆွန်းဟွားရှန် >
"စီးပွားရေးဧကရာဇ်နှင့် သူ၏ ချစ်ရသူ"
---------------------------------------
---------------------------------------
(Zawgyi)ဆွန်းဝမ် တစ်ယောက် ဆွန်းအိမ်တော်တွင် အိမိတော်မလေးလို ပြုမူနေသည် ။ မကြာခင်ပဲ ကျောင်းကိုထွက်ခွာလာလိုက်သည် ။ စီနီယာ နျန်ကျန်းဝမ် လည်း ကျောင်းပြီးသွားပြီမို့
စီးပွားစီမံဘက်သို့ သွားရန်မလိုပေမဲ့ ဟိုကောင် ဆွန်းဟွားရှန် ကိုအရှက်ခွဲခြင်သည်နှင့် ထိုဘက်သို့ ထွက်ခွာလာခဲ့သည် ။ ယနေ့သည် ပုံမှန်နေ့များထက်ပင်လူများနေသည် ကို သတိထားမိသည် ။ နာမည်ကြီးတစ်ယောက်လာသည်ဟုပဲ တွေးလိုက်သည် ။ သို့သော် ဖြတ်သွားသည့် ကောင်မလေးများပြောသည်ကို ကြားရသည်မှာ လူအုံသည့်အကြောင်းအရင်းမှာ
စီးပွားစီမံမေဂျာမှ နတ်ဘုရားလေး ဆွန်းဟွားရှန် ကြောင့်ဟုပြောကြသည် ။ ထိုအမှိုက်ကောင်က ရုတ်တရက် နတ်ဘုရားလေး ဖြစ်သွားသည်တဲ့လား ။ သူမလင်မခံနိုင်ပါ ။ ထိုကြောင့် သူမ သူ့အား အရှက်ခွဲရန်ပြင်လိုက်သည် ။ သို့သော် အခန်းထဲပင် မဝင်နိုင်ပဲ ထွက်လိုက်ရလေသည် ။ အကြောင်းအရင်းမှာ အတန်းထဲတွင် နဂိုထက်လူများနေ၍ဖြစ်သည် ။ ဒီနေ့တော့ လွှတ်ပေးလိုက်ရန်သာ ဆုံးဖြတ်လိုက်တော့သည် ။'ဒီနေ့တော့ လွှတ်ပေးလိုက်မယ်လေ ဆွန်းဟွားရှန် ။ ကံကောင်းတုန်း နေထားနှင့်အုံး ။'
ထိုအချိန်တွင် ဆွန်းဟွားရှန် တစ်ယောက်ထပြီး နှာချေလေသည် ။
'ဘယ်သူငါ့အတင်းပြောနေလဲ မသိပါဘူး '
'ဇာတ်လိုက်မပဲ နေမှာပေါ့ Host ရယ် '
'ဟုတ်လောက်မှာပါ....... အိမ်ပြန်မယ်'
ဆွန်းဟွားရှန် လည်း ကားလေးကို စက်နှိုးပြီး ဆွန်းအိမ်တော် ကိုပြန်ရန်ပြင်လိုက်တော့သည် ။
လမ်းတစ်ခြားတစ်ဖက်ရှိလူကြီးကတော့ သူ့အား ဆွဲစားရန်ပြင်နေသည်ကိုတော့ သူ မသိလေတကား ။
နောက်ဆုံးတော့ ဆွန်းဟွားရှန် အိမ်ပြန်ရောက်လာလေပြီ ။
အိမ်၏ ခြံထဲကိုဝင်သည်နှင့် အိမ်တော်ထိန်းမိန် က ပျော်ရွှင်စွာကြိုဆိုလေသည် ။
YOU ARE READING
𝚂𝚊𝚟𝚎 𝚃𝚑𝚎 𝚅𝚒𝚕𝚕𝚊𝚒𝚗 𝙱𝚘𝚜𝚜 ( 𝚄𝚗𝚒𝚌𝚘𝚍𝚎 +𝚉𝚊𝚠𝚐𝚢𝚒)
Random(Zawgyi) - မြင်မြင်ချင်း အချစ်ကို ယုံဖို့မပြောနဲ့ အချိန်ကြာလာတာနဲ့ ချစ်လာမဲ့ အချစ်တောင်မယုံတာ မင်းနဲ့တွေ့ပြီးမှပဲ မြင်မြင်ချင်း အချစ်ကို ယုံကြည်လာခဲ့ပြီး ဝိညာဉ် ကိုဖောက်ခွဲပြီး မင်းနဲ့ နီးစပ်ဖို့ ကြိုးပမ်းလာခဲ့တယ် မင်းကို ယုံကြည်လို့ ကိုယ...