No Reason-1

1.8K 105 10
                                    

ဒီOTP ကို ဇာတ်လမ်းရှည်ရေးဖို့ ယုံကြည်ချက်မရှိသေးတာကြောင့် ဒီတစ်ခေါက်လည်း သုံးပိုင်းကနေ ငါးပိုင်းထိလောက်ဘဲရှိမယ့် ဇာတ်လမ်းတိုလေးပါဘဲ။

အတိုတွေကို ခွဲရေးနေရင် ရှုပ်တာမို့ ဒီ ထဲမှာဘဲ တစ်စုတည်း ရေးသွားပါမယ်။

Me to u, u to me ဆိုတာကတော့ သီချင်းခေါင်းစဉ်ကို ထည့်သုံးထားတာပါ✌️

ဒါက ပထမဆုံးတစ်ပုဒ်ပါ။

ကြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်💛

_________________🌠🌠🌠______________

No Reason

 

အနည်းငယ် ဟနေတဲ့ တံခါးကနေ အထဲကို ကြည့်လိုက်သည်။

အခန်းထဲမှာက သီချင်းသံစဉ်တစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်နေပြီး သံစဉ်အလိုက် ခန္ဓာကိုယ်ကို လှုပ်ရှား နေသူတစ်ဦး။

ဆံပင်တွေကို စုထုံးထားသော်လည်း ပြေလျော့လျော့ဖြစ်နေသဖြင့် အနည်းငယ် ရှုပ်ပွနေတဲ့ဆံပင်တွေဟာ ခန္ဓာကိုယ် တစ်ချက်လှုပ်ရှားတိုင်း အလိုက်သင့် လွင့်ပါနေသလို။

အဖြူရောင် အကျီဟာ ချွေးတွေရွှဲနစ်နေပြီး မောပန်းနေပုံပေါ်တာတောင် ထိုလှုပ်ရှားမှုလေးဟာ ရပ်တန့်မသွား။

နှုတ်ခမ်းတွေက စိတ်လိုလက်ရ ကွေးညွှတ်နေမိသည်။

သီချင်းပြီးသွားသဖြင့် ကနေရာမှ ရပ်ကာ ကြမ်းပြင်ပေါ်လှဲချလိုက်သည်။

မြင့်လိုက်နိမ့်လိုက်နဲ့ မောပန်းနေတဲ့ ရင်ဘက်နဲ့မတူစွာ စိတ်အစုံကတော့ လန်းဆန်းလျက်။

ရောက်လာခဲ့ပြီ။ ခုနစ်နှစ်ကြာပြီးသည့်နောက်မှာ ရောက်လာခဲ့ပြီ။

ချွေးတွေရွှဲနစ်နေပေမယ့် နှုတ်ခမ်းပါးမှာတော့ အပြုံးတစ်ခုဟာ ထင်ထင်ရှားရှားတွဲလွဲခိုလျက်။

"Seulgi debut ရတော့မယ်ဆို ဂုဏ်ယူပါတယ်"

လေ့ကျင့်‌ရေးခန်းထဲက ထွက်လာလာချင်း company က senior gp တစ်ခုရဲ့ မန်နေဂျာ အကိုက နှုတ်ဆက်သည်။သူ့ဘေးမှာက အမျိုးသမီးတစ်ယောက်နှင့်။

Me to u , u to meWhere stories live. Discover now