Let Somebody Go

641 57 7
                                    

အရင်အပုဒ်ပါဘဲ နာမည်ပြောင်းထားပြီးနှစ်ပိုင်းခွဲလိုက်ရုံပါ။
တစ်ထိုင်တည်းဖတ်တာထက် အချိန်ခြားဖတ်တာ ပိုအဆင်ပြေမယ် ထင်လို့ပါ

-

ဒီနေ့ကလည်း သာမန်မဆန်တဲ့ သာမန်နေ့တစ်နေ့ပါဘဲ။
ကော်ဖီတစ်ခွက်ရယ် စီးကရက်ဖင်စီခံတွေရယ် ကြမ်းပြင် အနှံ့အပြားက ဘီယာဘူးခွံတွေနဲ့ စာအုပ်အချို့ရယ် နောက် ရေပိုက်ခေါင်းကနေ အဆက်မပြတ် တစက်စက်ကျနေတဲ့ ရေစက်တွေရယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက ကိုယ့်မှာ သိပ်အေးချမ်းလှတဲ့ ဘ၀လေးရှိခဲ့တာ။
မက်မောစရာ ခပ်များများ မရှိတဲ့ ဘ၀လေးပေါ့။
ဒါပေမယ့် ပျော်ဖို့ကောင်းတယ် ရယ်လို့လဲမဟုတ်ပါဘူး

ဒီတိုင်း ကိုယ်က အရင်ကရော အခုရော ဒဏ်ရာတွေကို သဘောကျတတ်တဲ့သူမျိုးပါဘဲ။
နာကျင်ရရင် ပိုတန်ဖိုးရှိတယ်လို့ထင်တဲ့ရူးကြောင်ကြောင် အတွေးနဲ့သူပေါ့။

အဲ့တော့ ဒဏ်ရာတွေကို မရည်ရွယ်ဘဲနဲ့ရော တမင်တကာရော ပေးတတ်တဲ့ သူတစ်ယောက်ကို ချစ်မိတာ သိပ်ထူးဆန်းတယ်ရယ်လို့လဲ မဟုတ်ဘူး။

သူ့အပြုံတွေကိုငေးလိုက်။ ဒဏ်ရာတွေကို တစ်ခုပ်တရမွေးမြူလိုက်နဲ့ အများအမြင်မှာ သိပ်ရယ်စရာကောင်းနေခဲ့သလားတော့မသိပါ။

သူနဲ့ နီးကပ်လိုက် ဝေးကွာလိုက် နဲ့ နောက်ဆုံးမှာတော့ တကယ်ကို ထားခဲ့ခံရသလို ကိုယ်ကလည်း တစ်ယောက်တည်း ကျန်ခဲ့ပါတော့တယ်။

အဲ့အချိန်က ရခဲ့တဲ့ ကုတ်ခြစ်ရာ နာကျင်မှုတွေကို အခုချိန်ထိ မက်မက်မောမော မွေးမြူလာခဲ့တာကတော့ ကိုယ်ကိုတိုင်ပါဘဲ။

နာကျင်စရာတွေကို ပျောက်အောင်မကြိုးစား အနားပေးဖို့မလုပ်ဘဲနဲ့
သိပ်ကို နာကျင်ရပါတယ် သိပ်ကိုခံစားရပါတယ်ဆိုပြီး နစ်နာသူ သိပ်ဖြစ်ချင်ခဲ့တာကလည်း ကိုယ်ပါဘဲ။

နာကျင်စရာတွေထဲ နစ်မြုပ်လိုက် လိုလိုလားလား ခေါင်း၀င်တိုးလိုက်နဲ့ အနာမကျက်တာဟာ သိပ်ဆန်းလှတယ်တော့ မဟုတ်ဘူး။

အခုချိန် ကိုယ်ဖြစ်နေတာတွေကို သူမြင်ရင်တော့ ပြောနေကျအတိုင်း
"နင်က နင့်ကိုယ်နင်တော့ သိပ်နာတတ်တာ" ဆိုပြီး ပြောမယ်ထင်ပါရဲ့။

Me to u , u to meWhere stories live. Discover now