No Reason-2

612 89 4
                                    

No reason

"ကျွန်မလေ လူကြီးကို သဘောကျနေပြီထင်တယ် ရှင်ကသဘောမကျသင့်ဘူးလို့ ပြောပေမယ့်လည်းပေါ့"

ဆူးလ်ဂီ ထိုအမျိုးသမီးရဲ့ မျက်နှာကို တစ်စက္ကန့်မှမလွတ်ဘဲ ပြောင်းလဲသမျှကို ကြည့်နေသည်။

အံ့ဩတယ်။ပြီးတော့ သက်ပြင်းသေးသေးချတာကို အမိဖမ်းမိတယ်။ခဏလောက် စဉ်းစား‌တဲ့ပုံကိုလည်းတွေ့တယ် ။ပြီးတော့ ပြုံးတယ်။

သူမ ခေါင်းကို ခပ်ဖွဖွ အုပ်ကိုင်လာတယ်။

"တို့ကမင်းထက် အသက်ဆယ်နှစ်ကျော်ကြီးတယ်နော်ကလေး"

ဘာဖြစ်လဲ။အဲ့အမျိုးသမီးရှိရင်ပြီးပြီမလား။

"ကျွန်မဂရုမစိုက်ဘူး"

ဆူးလ်ဂီတို့အရွယ်က သိပ်မိုက်ရူးရဲဆန်ပစ်တတ်တဲ့အရွယ်ပေမယ့် ဆူးလ်ဂီ တကယ် ဂရုမစိုက်တာပါ။

ပွဲဦးထွက်မယ်။ဒါဆို သူမကလည်း အထိုက်အလျောက် ၀င်ငွေရှိလာမှာဘဲ။ အလုပ်မအားလို့အမြဲမတွေ့နိုင်ရင်တော့ ပင်ပန်းတဲ့အချိန် အဲ့လူကြီး ရင်ခွင်ထဲ ပြေး၀င်လို့ရတယ်။

ဆူးလ်ဂီသဘောကျတယ်။ဆူးလ်ဂီအနာဂတ်ထဲ အဲ့လူကြီး ၀င်ခြယ်လှယ်လာမှာကို။Irene Bae ဆိုတဲ့ အမျိုးသမီး သ၀န်တိုရင် ဘယ်လိုမျိုးလဲ သိချင်တယ်။

မျက်စောင်းလှလှလေးဘဲထိုးမလား။
မင်းက အဆိုးလေးဘဲ လို့ဘဲ ရင်ခုန်အောင် ပြောမလား။

တကယ် ပျော်ဖို့ကောင်းမှာဘဲ။

"မင်း ဂစ်တာတီးတတ်လား ကလေး"

ဒါက ငြင်းနည်းအသစ်တစ်မျိုးလား။ဒါကဘယ်လို ငြင်းနည်းကြီးလဲ။

ရင်ထဲမှာသာ ယောက်ယက်ခတ်နေပေမယ့် အပြင်မှာတော့ ခေါင်းညိမ့်မိလိုက်သည်။တကယ်က အခြေခံလောက်ဘဲ တီးတတ်တာ မတီးတာလည်း ကြာနေပြီမို့တီးရင် ကပျက်ကယက်တွေထွက်လာမှာပါဘဲ

ထိုင်နေရာမှ ထထွက်သွားကာ အခန်းထောင့်မှာရှိတဲ့ ဂစ်တာကို ယူလာသည်။ပြီးတော့ သူ့ကို ပေးပြီး

Me to u , u to meWhere stories live. Discover now