.
UNICODE
.
."မဟုတ်မှ သတ်သေမလို့လား?"
ဒီမိန်းကလေးက ကျွန်မကိုသိတယ်။ ပြီးတော့ သူလည်းသတ်သေဖို့ ကြံစည်ထားပုံပဲ။ အထုပ်အပိုးတချို့ရယ်၊ သူ့ခရီးဆောင်အိတ်ပေါ်က စာတစ်စောင်ရယ်၊ ချွတ်ထားတဲ့ဖိနပ်တွေရယ်။
ကျွန်မ သတ်သေဖို့ဒီကိုလာမှန်းလည်း သူရိပ်မိသွားပုံရတယ်။
"ကျွန်မက ရှင့်ကို အားကျနေခဲ့တာ"
"ဟမ်?"
သူပြောလာတဲ့စကားကြောင့် ကျွန်မစိတ်ထဲ မတင်မကျ ခံစားချက်ကြီးဝင်လာတယ်။
ပြီးတော့....
သူဘာလို့သေချင်လဲဆိုတာကို သိချင်လာတယ်။ ကျွန်မရဲ့ သတ်သေဖို့အစီအစဉ်ကိုလည်း ခဏလောက်နောက်ဆုတ်ဖို့ တွေးလိုက်တယ်။ ကျွန်မကိုယ်တိုင်သေချင်နေပေမဲ့ တခြားလူကိုရော ကျွန်မဒီတိုင်းသေခိုင်းလိုက်ရမှာလား? သတ်သေချင်လောက်အောင်ခံစားရတဲ့ ပင်ပန်းခြင်းကိုနားလည်တာမို့ ကျွန်မအနေနဲ့ သူ့ကို မသေပါနဲ့လို့ပြောရ ခက်ပါရဲ့။ ဒါပေမဲ့ ဒီညတော့ မသေရင်ကောင်းမယ်။ကံဆိုးတဲ့ သူစိမ်း မိန်းကလေးနှစ်ယောက် သတ်သေခါနီး စုံကြဖို့ဆိုတာ ဘယ်လိုရေစက်လဲတော့မသိဘူး။
"မိန်းကလေး, ငါတို့...နောက်မှ သေကြမလား?"
ကျွန်မပါးစပ်ကနေ အလိုလိုထွက်လာတဲ့စကားက သိပ်ကို အူကြောင်ကြောင်နိုင်တာပဲ။
သူက တံတားဘောင်ပေါ်ကနေပြန်ဆင်းလာတယ်။ ပြီးတော့ ပြောပြန်တယ်။
"ကျွန်မကရှင့်ကို မသေစေချင်ဘူး။ ဘာလို့သေချင်ရတာလဲ ရှင့်လိုလူက"
သိချင်စိတ်၊ စိတ်လှုပ်ရှားမှုအနည်းငယ်နဲ့အတူ အလိုမကျမှု အရိပ်အယောင်တချို့ဟာ သူ့ရဲ့စကားသံမှာ ရောပြွန်းပါဝင်နေတယ်။
ကျွန်မလည်း အောက်ကိုပြန်ဆင်းလိုက်တယ်။ ဖိနပ်ကိုပြန်ဝတ်လိုက်တယ်။
"ဖိနပ်တွေစီးလိုက်ပါ။ ခြေဗလာနဲ့ရပ်ရတာ မအေးဘူးလား"
ကျွန်မစကားအဆုံးမှာ သူက တစ်ချက်ရယ်တယ်။ အဲ့ဒီရယ်မောမှု သေးသေးလေးရဲ့အဓိပ္ပာယ်ကို ကျွန်မရှင်းရှင်းလင်းလင်းသိတာပေါ့။
YOU ARE READING
Mapo Bridge, To a new life...{Completed}