The Lord's Shy Little Bodyguard

2.6K 222 4
                                    

[Unicode]တင်းအရှင်သခင်၏နန်းဆောင်
စာကြည့်ဆောင်တွင်...

မိုလီယွမ်သည် စားပွဲတစ်ခုပေါ်တွင် တောင်ခြစ်မြောက်
ခြစ်လုပ်နေလေသည် ၎င်းမှာ မျက်စိပသာဒဖြစ်စေ
သော တောင်များရေကန်များ၏ရှုခင်းပုံ မဟုတ်ဘဲ
သိမ်မွေ့သောပုံသဏ္ဍာန်ရှိသည့် တစ်စုံတစ်ယောက်၏
ပုံတူပန်းချီသာဖြစ်လေသည်

တကယ်တော့ ပုံတူပန်းချီသည် မိန်းမပုံမဟုတ်ဘဲ
ယောကျ်ားတစ်ယောက်သာဖြစ်သည်

မိုလီယွမ် ထိုသူ၏မျက်လုံးများအားဆွဲရန် အချိန်
ရောက်လာသောအခါ သူသည် ချက်ချင်းပင် ထိုမျက်လုံးများ၏ ဆွဲဆောင်ခြင်းကိုခံလိုက်ရတော့သည်

ရှုထောင့်တစ်မျိုးမှကြည့်လျှင် ထိုသူ၏ သိမ်မွေ့သော
ရုပ်သွင်သည် အသက်ရှူမှားလောက်အောင်လှပသည်
ဟုတော့မဆိုနိုင်ပါ သို့သော် သူ၏အကြီးမားဆုံးသော
ပိုင်ဆိုင်မှုဖြစ်ပြီး ရင်သပ်ရှုမောလောက်အောင်
သိသာထင်ရှားသောအင်္ဂါရပ်မှာ ခံစားချက်များဖြင့်
အသက်ဝင်လွန်းလှသည့် မျက်လုံးများဖြစ်သည်
ကိုတော့ မငြင်းနိုင်ပါ

ယိုဟွား နိုးလာပြီလား.....??

"အရှင်"

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် တံခါးကိုတွန်းဖွင့်၍ စာကြည့်ဆောင်ထဲသို့ဝင်လာသည် ၎င်းမှာ
မိုလီယွမ်၏ပုံတူပန်းချီထဲမှ ယိုဟွားဖြစ်လေသည်

"ယိုဟွား ဘာလို့နည်းနည်းလောက်ထပ်မအိပ်တာလဲ??"
မိုလီယွမ်က ပြုံးပြီးမေးလိုက်သည်

"အရှင် ဒီနိမ့်ကျတဲ့အစေခံက စောစောထတာကို
အကျင့်ဖြစ်နေပါပြီ"

ယိုဟွားသည်စားပွဲဘေးသို့ရွေ့ပြီး လက်ဖက်ရည်အိုး
နှင့်ခွက်များထည့်ထားသော လင်ဗန်းကို ငြိမ်အောင်
လုပ်လိုက်သည် စားပွဲပေါ်မှာ ဗန်းကိုတင်လိုက်ပြီး
မိုလီယွမ်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးသည်

မိုလီယွမ်က ယိုဟွားကမ်းပေးသော လက်ဖက်ရည်
ခွက်ကိုယူလိုက်သည် ယိုဟွား၏စကားများကိုစဉ်းစား
ပြီးသည်နှင့်တစ်ပြိုင်နက် သူ့မျက်ခုံးများတွန့်ချိုးသွား
ကာ

ချိုချိုဆွိဆွိBL OneshotများWhere stories live. Discover now