3K 222 4
[Unicode]​နွေး​နွေး​​ထွေး​ထွေးရှိလှ​သော ​ကော်ဖီဆိုင်တစ်ဆိုင်အတွင်းဝယ် ​ကြော့ရှင်းရည်မွန်​သောလူငယ်တစ်​ယောက်သည် သူ၏အလုပ်ပြီးစီး​​စေရန်အလို့ငှာ ပျားပန်းခတ်လှုပ်ရှား​နေ​လေသည် နှစ်သစ်ကူးအကြိုနီး​နေပြီဖြစ်​​သော​ကြောင့် လမ်းမထက်တွင် အမျိုးသမီးများနှင့်စုံတွဲများ ​ပျော်​ပျော်ရွှင်ရွှင်​ပျော်​မွေ့​နေကြသည်
ဤက​ဖေးသည် လူကြိုက်များသည် အဟမ်း!အဟမ်း!ဆိုင်မှ နို့လက်ဖက်ရည်သည် ​စျေးသင့်သည့်အပြင်
ဆိုင်ရှင်၏ နှစ်လိုဖွယ်​ကောင်းပြီးဆွဲ​ဆောင်မှုရှိသည့်
အသွင်အပြင်​ကြောင့်လည်းဖြစ်သည်
'' Matchaမစ်တီးတစ်ခွက် ပုလဲမစ်တီးတစ်ခွက် "
ခပ်ပြတ်ပြတ်အသံတစ်ခုက ရုတ်တရက်ထွက်​ပေါ်လာသည်
​ထိုအချိန်တွင် ​ဆိုင်ရှင်သည် ကျော​ပေးရင်း နို့လက်ဖက်ရည်များ​ဖျော်​ကာ အလုပ်ရှုပ်​​နေ​​တာဖြစ်သည်
သို့​သော် ယင်းကိုကြားလိုက်သည့်အခါ ​ဖျော်စရာများ
ဆက်မလုပ်မီ သူ၏လက်များသည် သိသိသာသာပင်
ရပ်တန့်သွားသည် သို့​သော်လည်း တစ်​ယောက်​ယောက်များ အနီးကပ်ကြည့်ပါက ဆိုင်ရှင်၏လက်များအနည်းငယ်တုန်​နေသည်ကို ​သေချာ​ပြောနိုင်​လောက်​ပေသည်
'' ခဏ​စောင့်ပါ '' ဆိုင်ရှင်၏အသံသည်လည်း တုန်ရီနေပုံရ​လေသည်
နို့လက်ဖက်ရည်​စောင့်​နေ​သော မိန်းက​လေးနှစ်​ယောက်သည် သိချင်စိတ်ကိုမထိန်းနိုင်​တော့ဘဲ ထိုလူကိုလှည့်
ကြည့်ကြသည်
မိန်းက​လေးများသည် အလွန်အံ့အားသင့်သွားကြ​လေသည် OMG သူကအ​ရမ်း​ချောတာပဲ ထိုလူတွင်
တိတိရိရိပုံ​ဖော်ထား​သောအသွင်အပြင်များနှင့်
စူးရှ​သောမျက်လုံးတစ်စုံရှိသည် တစ်စုံတစ်​ယောက်က
သူ့ကိုကြည့်ပြီးသည်နှင့် သူနှင့်အတူလိုက်​​လျောညီ​ထွေ​နေရန်ခက်ခဲမည်ဖြစ်​ကြောင်း ခံစားရ​ပေလိမ့်မည်
သူ၏ပါးလျ​သောနှုတ်ခမ်းသားများအား ဖိပိတ်ထားပြီး
ဆိုင်ရှင်အား မမှိတ်မသုန်စူးစိုက်ကြည့်​နေသည့်အကြည့်
များတွင် သိမ်​မွေ့သောအရိပ်အ​ငွေ့များမ​တွေ့ရ​ပေ
ချိုချိုဆွိဆွိBL OneshotများWhere stories live. Discover now