The Chairman is on Top

3.4K 233 0
                                    

[Unicode]ကျောင်းတွင်းတစ်နေရာရှိ သစ်ပင်တစ်ပင်အောက်တွင်
ပထမနှစ်အထက်တန်းကျောင်းသားကျောင်းသူ
အနည်းငယ် အတူတကွထိုင်နေကြသည်

"ဟေး နင်တို့ စာပေနဲ့အနုပညာဌာနရဲ့ ခေါင်းဆောင်
ဘယ်သူလဲ သိကြလား?"

"ဒါပေါ့ ငါသိတယ် အတန်း(၃)အခန်း(၉)က စီနီယာ
ကျန်းရှောက်ကျင်းလေ ဒါပေမယ့် ဘာလို့ဒီအကြောင်း
မေးတာလဲ?"

"ငါကြားတာ ငါတို့ဥက္ကဌက စာပေနဲ့အနုပညာဌာန
ခေါင်းဆောင်ကို လိုက်နေတာတဲ့ ဒါဆို ငါတို့ဥက္ကဌက
Tဖြစ်ပုံပဲ" (Tက Top အထက်ပုဂ္ဂိုလ်)

"နင်ရူးနေလား ငါတို့ဥက္ကဌက အမြဲတမ်း Tပဲ ငါ
တတိယနှစ်စီနီယာဆီက ကြားခဲ့တာ ဥက္ကဌက
စီနီယာရှောက်ကျင်းကို ဒုတိယနှစ်ထဲက လိုက်ခဲ့တာတဲ့
ဘာလဲခန့်မှန်းကြည့်....သူတို့က အတူတူတောင်ရှိနေ
ကြပုံပဲ"

"ငါတအားမနာလိုတာပဲ သူတို့ကအချစ်တွေပြည့်နေ
ရော့မယ် နေပါဦး ဒါဆို သူတို့ဆက်ဆံရေးကို
ကျောင်းသားတွေ အတင်းပြောကြလား?"

"နင်အတွေးလွန်နေတာပဲ ငါစီနီယာရှောက်ကျင်းကို
တွေ့ဖူးတယ် သူကချောမောပြီးတော့ သဘောကောင်း
ပုံပဲ သူတို့အကြောင်းဘယ်သူမှအတင်းမပြောဘူး
ပြီးတော့ အံ့ဩစရာကောင်းတာက သူတို့fanတွေအများကြီးက သူတို့ကိုထောက်ခံတယ်"

"အိုက်ယား ဒါကြောင့်ချောမော့ခန့်ညားတဲ့ယောကျ်ား
နှစ်ယောက်က Guang High(ကျောင်း) ရဲ့ ဂျူဂျူမ
လေးတွေအားလုံးကို ချန်ထားခဲ့တာပေါ့"

ခရစ္စမတ်နေ့တွင်......

အတန်း(၃) အခန်း(၉)ရှိ စားပွဲတစ်ခုတွင် လက်ဆောင်ဘူးအရွယ်အစားအမျိုးမျိုးတို့ဖြင့် ဖုံးအုပ်နေသည်
စာသင်ခန်းထဲလှမ်းဝင်လာရင်း ကျန်းရှောက်ကျင်း
သည်သူ့စားပွဲတွင် လွန်ခဲ့သောနှစ်အနည်းငယ်ကလို
ပစ္စည်းအမြောက်အများစုပုံနေတာကို သတိပြုမိသည်
သူမတတ်နိုင်ပေမယ့် နည်းနည်းတော့စိတ်အနှောက်အယှက်ဖြစ်သွားသည် ပစ္စည်းတွေစုပုံနေတဲ့ နောက်က
တစ်ခုံကိုကြည့်ပြီး သူ့နှုတ်ခမ်းတွေ စုဝိုင်းသွားသည်
သူ သူ့စားပွဲဆီသွားလိုက်ပြီး သပ်သပ်ရပ်ရပ်ဖြစ်
အောင်လုပ်လိုက်သည်

ချိုချိုဆွိဆွိBL OneshotများWhere stories live. Discover now