Yoongiအိပ်ယာထတော့နွေးထွေးနေတဲ့နေရာကြောင့်ပိုမိုတိုးကပ်မိသည်။အိပ်နေတဲ့သူ့တင်ပါးကိုတစ်ယောက်ယောက်ကိုင်နေသလိုခံစားရတာကြောင့်မျက်လုံးဖွင့်မိသည်။
"မင်းကြီး...အာ့"
မင်းကြီးကသူ့ကိုဖက်ထားကာမင်းကြီးလက်ကတော့သူ့တင်ပါးကိုဆော့ကစားနေသည်။သူ့လက်ထဲအလူးအလဲဖစ်နေတဲ့Yoongiတင်ပါးကညကအရှိန်ကြောင့်နာကျင်နေသည်။
"မင်း....အင်း....မင်းကြီး"
Yoongiညီးသံလေးထွက်လေJinသဘောကျစွာပြုံးနေသည်။
*မင်းကြီးကချောလိုက်တာ.....ဘာလို့ရက်စက်နေတာလဲမသိဘူးမင်းကြီး
သာတရားမျှတပြီးသနားကြင်နာတတ်ရင်....ဟန်ဘိနဲ့ငြိမ်းချမ်းနိုင်တယ်။ငါလဲမင်းကြီးနဲ့ဆက်ဆံရေးအဆင်ပြေမှာ.....ခုတော့ငါ့ကိုမင်းကြီးကဖမ်းထားတယ်။*Yoongiအတွေးလေးတွေးနေရင်းမင်းကြီးကိုဟန်ဘိနဲ့ငြိမ်းချမ်းအောင်လုပ်ဖို့တွေးမိလိုက်သည်။သူဒီကိုရောက်လာတုန်းကအီရယ်တိုင်းပြည်ကလူတွေကိုကယ်တင်ဖို့လည်းစဥ်းစားမိသည်။ဒါပေမယ့်သူကဘာလုပ်နိုင်မှာမို့လဲ
"ဘာတွေတွေးနေတာလဲ"
"ဘာမှမဟုတ်ပါဘူး....မင်းကြီး"
"ထွက်ပြေးဖို့ကြံနေတာလား"
"မဟုတ်ပါဘူးဘုရား.....ကျနော်မျိုး....ပြောလဲလက်ခံနိုင်မဲ့ကိစ္စမဟုတ်လို့ပါဘုရား"
"ဘာကိစ္စလဲ"
"........"
"ပြောလေ"
"ဟန်ဘိနဲ့.....ငြိမ်းချမ်းစေချင်လို့ပါ"
"တော်စမ်း....မင်းရဲ့အဘိုးကငါ့မယ်တော်ကိုသတ်ခဲ့တယ်။ငါအဲ့အတွက်ဟန်ဘိကိုပြန်သိမ်းမယ်"
"ကျနော်မျိုးတောင်းပန်ပါတယ်....အဘိုးအတွက်...."
"မလိုဘူး.....ငါဟန်ဘိကိုသိမ်းမှာ...."
"တကယ်လို့...ဟို....ရှုံးသွားရင်ရော"
"ငါ့မှာအရှုံးဆိုတာမရှိစေရဘူး.....ရှုံးရင်....ငါခေါင်းငါဖြတ်မယ်"
Yoongiကြောက်လန့်သွားမိသည်။မင်းကြီးအတ္တတွေကတကယ်ကိုပြောစမှတ်တွင်နိုင်တယ်။တစ်ချိန်မှာမင်းကြီးသမိုင်းတွေမကောင်းကြောင်းအဖြစ်ကျန်ခဲ့မှာစိုးရိမ်မိတယ်။
YOU ARE READING
THE LOAD'S COMMAND(သခင့်အမိန့်တော်)(complete)
Historical Fictionအီရယ်တိုင်းပြည်ရဲ့အာဏာကြီးလာတာနဲ့အမျှဟန်ဘိတိုင်းပြည်ရဲ့အင်အားကလည်းတဖြည်းဖြည်းကြီးမားလာသည်။ဟန်ဘိရဲ့မင်းသားလေးကိုအီရယ်တိုင်းပြည်ကဘုရင်ကဖမ်းခေါ်သွားတဲ့အခါ......နှစ်နိုင်ငံဘာတွေဆက်ဖြစ်မလဲ......ကြားထားကပျောက်ကွယ်သွားပြီထင်ခဲ့တဲ့တချိန်ကအီရယ်လက်အောက်ခံနန်း...