8

1.2K 118 6
                                    

ဟန်ဘိနဲ့အီရယ်တို့နယ်နမိတ်စပ်ကြားမှာမျက်နှာချင်းဆိုင်တွေ့ကြသည်။ဒီနေရာဟာမကြာခင်စစ်မြေပြင်ဖြစ်မှာမို့ပြည်သူတွေကလွတ်ရာပြေးကြသည်။အီရယ်မင်းကမြင်းပေါ်မှာဓားရှည်တစ်လက်ကိုတင်းတင်းကြပ်ကြပ်ကိုင်ကာဟန်ဘိဘုရင်ကိုစိုက်ကြည့်နေသည်။ဟန်ဘိမင်းကတော့မြင်းပေါ်ကနေသူ့ကိုကြည့်ကာ

"အီရယ်မင်းကြီး....ငယ်ငယ်ရွယ်ရွယ်နဲ့တိုင်းပြည်အုပ်ချုပ်ရတော့တစ်ခါတစ်လေအမှားတွေရှိနိုင်ပါတယ်။စစ်ဖြစ်ရင်ပြည်သူတွေကိုထိခိုက်မယ်...ပြီးတော့အီရယ်မင်းကြီးစစ်ရှုံးရင်ပြည်သူတွေကအားကိုးရာဘုရင်မရှိတော့.....သူတို့ဘယ့်သူ့အားကိုးမလဲ....ညှိနှိုင်းချင်တယ်နောက်ဆုံးအနေနဲ့......ဟန်ဘိမင်းသားကိုပြန်လွှတ်ပေးပါ.....ငါကိုယ်တော်ကိုသတ်လိုက်.....ဒါပေမယ့်ဟန်ဘိအိမ်ရှေ့စံကိုထီးနန်းပေးပါ။ငါအသက်ပေးရင်မင်းကြီးမယ်တော်အသက်အတွက်အလျော်ပေးတယ်သဘောထားနိုင်လား"

"တော်စမ်း......ဟန်ဘိတစ်ပြည်လုံးသိမ်းမှာ.....ဟန်ဘိမင်းသားလဲငါ့ကိုယ်တော်ရဲ့လိင်အစေခံအဖြစ်ဖျော်ဖြေရမယ်...."

ပြောရင်းမဲ့ပြုံးပြုံးပြတဲ့အီရယ်ဘုရင်ကြောင့်အိမ်ရှေ့စံစိတ်မကြည်လင်တော့.....ဖြစ်နိုင်ရင်အီရယ်မင်းကိုခေါင်းဖြတ်ချင်မိသည်။
စစ်သူကြီးNamjoonလည်းအီရယ်ဘက်ကတိုက်ရမှာပေမယ့်ဟန်ဘိဘက်ကတွေးကာစိတ်ပျက်နေမိသည်။

ဟန်ဘိဘုရင်ကတော့ဆက်မပြောတော့ပဲခေါင်းတစ်ဆက်ဆက်ငြိမ့်ကာ

"ကောင်းပြီ.....ငါကိုယ်တော်အမိန့်တိုက်စေ"

အမိန့်သံအဆုံးစစ်ကွင်းပြင်ကြီးပမာဖြစ်သွားတဲ့နယ်စပ်.....ဓားသံတစ်ချွင်ချွင်ကြားထဲမြင်းစီးကာတိုက်ခိုက်နေတဲ့စစ်သူကြီးတွေရဲမက်တွေကဒဏ္ဍရီထဲကလိုကဗျာမဆန်နေ....သွေးတို့ပေကျံနေသည်။အီရယ်ဘက်ကစစ်အင်အားများပေမယ့်....ဟန်ဘိရဲ့ပြင်းထန်တဲ့စစ်ရေးလေ့ကျင့်မှုကြောင့်အီရယ်စစ်သားတွေအများအပြားအသက်ဆုံးရှုံးလာသည်။အီရယ်မင်းကြီးကတော့မြင်းပေါ်မှာနေကာစစ်ပွဲကိုနောက်တန်းကစောင်းကြည့်နေသည်။သူကိုယ်တိုင်မတိုက်......သူကနောက်ဆုံးမှပွဲထွက်မဲ့သူကိုး.....ဟန်ဘိကအိမ်ရှေ့စံကတော့နေရောင်အောက်မှာဓားရဲ့ရောင်ပြန်ဟပ်နေတဲ့အလင်းရောင်နဲ့အတူအီရယ်စစ်သားတွေကိုစီးချင်းထိုးနေသည်။ဟန်ဘိဘုရင်လည်းထိုနည်းတူစွာတိုက်ပွဲဝင်နေသည်။

THE LOAD'S COMMAND(သခင့်အမိန့်တော်)(complete)Where stories live. Discover now