ဘာနီဇလာတောအုပ်ထဲကသစ်လုံးအိမ်🕸

21 2 1
                                    

Unicode

ဘာနီဇလာတောအုပ်ထဲက တောလမ်းလေးပေါ်မှာ မြင်းလှည်းလေးတစ်စီးဟာ အရှိန်ခပ်ဖြေးဖြေးမောင်းနှင်လာခဲ့တယ်။ မြင်းလှည်းအထဲမှာတော့ Rayan လိုက်ပါလာခဲ့တယ်။ နာရီ အချို့ကုန်လွန် သွားပြီးတဲ့နောက်မှာတော့ မြင်းလှည်းလေးဟာ သစ်လုံးအိမ်ကြီးအရှေ့မှာ ရပ်တန့်သွားခဲ့တယ်။ လူရွယ်လည်း မြင်းလှည်းပေါ်က ဆင်းလာပြီး အိမ်ကိုသေချာကြည့်နေတယ်။ မြင်းလှည်းမောင်းသမားက အထုပ်အပိုးတွေ ချပေးကာ မြင်းလှည်းကို ပြန်လှည့်သွားခဲ့တယ်။

Rayan သစ်လုံးအိမ်ကြီးကို ရောက်လာပြီး နှစ်ပတ်ခန့်အကြာမှာတော့ သစ်ခုတ်သမားတစ်ဦး ရောက်လာတယ်။ ဒီတောအုပ်ထဲမှာ နေတဲ့သူတွေ သိပ်မများလှပါဘူး။ တောအုပ်အလွန်မှာ ရွာငယ်လေးရှိတယ်။ မနက်ဆို Rayan ဟာစောစောထပြီး ရွာထဲကို သွားလေ့ရှိတယ်။ သစ်ခုတ်သမားဟာ သူ့ကိုလာမေးတယ်။ တောထဲလိုက်ချင်လားတဲ့...သူလည်းလိုက်မယ်လို့ ပြောပြီးခြံကို သော့ခတ်ကာလိုက်သွားလိုက်တယ်။

"ဒါဆို...ခင်ဗျားက ဒီမှာအပြီးနေမှာပေါ့"

"ဒါပေါ့ဗျာ"

ဖြစ်ပျက်ခဲ့သမျှ ကိုပြောပြပြီးနောက် သစ်ခုတ်သမားဟာ ထိုသို့ပြောခြင်းဖြစ်တယ်။ သစ်ခုတ်သမားနာမည်က Daniel Ran ဖြစ်ပြီး ဇနီးရယ်သားရယ်နှင့်အတူ ဒီတောအုပ်အစပ်မှာ နေတယ်။ သစ်ခုတ်သမားကတောထဲကို အနက်ကြီး အထိမသွားဖို့ပြောတယ် လမ်းပျောက်နေမယ်တဲ့ သစ်လုတ်သမားဟာ ခုတ်ထားပြီးသား သစ်ပင်မှ ထင်းတစ်ချို့ကို ရအောင် သေချာခုတ်ဖြတ် ပြီးနောက် သူတို့ပြန်လာကြတယ်။ သစ်ခုတ်သမားဟာ သူ့အတွက် ထင်းအချို့ကို လက်ဆောင်ပေးခဲ့တယ်။ သစ်ခုတ်သမားက ဒုတိယမြောက်နေ့မှာထပ်ရောက်လာတယ်။

ဒီတစ်ခါမှာတော့ Rayan ကခြံထဲမှာအပင်တွေကို ရှင်းလင်းနေတယ်။ Rayan ပုံစံအသွင်အပြင်ကိုပြောရလျှင် တောင့်တင်းတဲ့ခန္ဓာကိုယ်၊ မြင့်မားတဲ့အရပ်၊ မေးရိုးထင်းထင်းနဲ့ ယောကျ်ားဆန်ဆန်ချောမောသောအသွင်အပြင်၊ ရွှေအိုရောင်ဆံပင်နှင့် မျက်စံပြာပြာလေးကိုပါ ပိုင်ဆိုင်ထားသည်။ ရှပ်အဖြူလက်ရှည်ကို တံတောင်ထိခေါက်တင်ထားပြီး ကြိုးသိုင်းစတိုင်လ်ပန်ကိုဝတ်ဆင်ခါးသည်။ ရှပ်အဖြူက Rayan ရဲ့ တောင့်တင်းနေတဲ့ ရင်အုပ်တွေကို မပေါ်လွင်အောင် မလုပ်နိုင်ပေ။

Black OrchidHikayelerin yaşadığı yer. Şimdi keşfedin