Unicode
နောက်တစ်နေ့မနက်မှာတော့ Rayan ဟာစောစီးစွာပဲနိုးထလာတယ်။ သူအရင်ဆုံး လုပ်တာကတော့ ခြံအနောက်ထဲသွားပြီး ပန်းပင်ကို သွားကြည့်တာပဲ...ပန်းပင် မရှင်သန်မှာ သူစိုးရိမ်တယ်။ ကံကောင်းစွာပဲ ပန်းပင်လေးဟာ ကောင်းမွန်စွာ ရှင်သန်နေခဲ့တယ်။ သူလည်းပဲ စိတ်ချသွားပြီး ကိုယ်လက်သန့်စင်ကာ ရွာထဲထွက်သွားခဲ့တယ်။ ရွာထဲကပြန်လာတော့ သူနှင့်အတူ Tytan ပါလာခဲ့တယ်။ ကောင်ငယ်လေးဟာ ပျော်ရွှင်စွာ လိုက်လာခဲ့တယ်။ သူမြို့သွားတုန်းက အကြောင်းတွေလည်း ပြောရင်းပေါ့...
သူတို့နှစ်ဦးသား မနက်စာ အတူတူစားကြပြီး စာသင်ကြတယ်။ တခါတရံ Tytan အိပ်ငိုက်နေတတ်တယ်။ နွေလယ်ရောက်လာတော့ Tytan မလာတော့ပေ...သူတို့ မအားလပ်ကြတော့သောကြောင့်...သစ်ခုတ်သမားဟာလည်း တခြားအလုပ်ကို ရှာနေတယ်ကြားတယ်။
ရာသီတွေလည်း ကုန်လာပြီး ဆောင်းဦးပေါက်လာခဲ့တယ်။ တစ်ခုသော ဆောင်းမနက်မှာ Rayan ဟာထုံးစံအတိုင်း ခြံနောက်ထဲဆင်းလာခဲ့တယ်။ ခြံအနောက်ထဲက တစ်ချို့နေရာတွေမှာ နှင်းတစ်ချို့ရှိနေတယ်။ ကံကောင်းစွာပဲ သူဟာကြိုတင်ပြင်ဆင်ခဲ့လို့ ဆောင်းတွင်းအတွက် ပူနေစရာမလိုပေ။ သို့သော်လည်း သူ့ပန်းပင်တွေ အတွက်တော့ပူပန်နေရတုန်းပဲ...သူပန်းပင်တွေအနား ရောက်တဲ့အခါမှာတော့...လေထဲမှာ တွဲလောင်းကျနေတဲ့သစ်ခွပင်လေးမှာ အဖူးလေးတစ်ဖူးထွက်နေခဲ့တယ်။ သူဝမ်းသာ သွားတယ်။ နောက်ဆုံးတော့ မင်းပွင့်တော့မယ်ပေါ့...နှစ်ရက်ခန့် ကျော်လွန်ပြီးနောက်မှာတော့ သစ်ခွပန်းလေးဟာ ပွင့်အာလာခဲ့တော့တယ်။ အလွန်ကိုလှပပြီး ကြီးမားတဲ့ပွင့်ဖက်တွေနဲ့ သစ်ခွနက်လေးပေါ့...အရမ်းကိုလှတယ်။ Rayan သူဟာ ပန်းလေးကို အခိုင်လိုက်ခူးယူလာခဲ့တယ်။ သူ့အိပ်ခန်းထဲက စားပွဲပေါ်မှာ သူပန်းအိုးနဲ့ထားထားတယ်...ပန်းဟာတစ်ပွင့်ထဲ ပွင့်အာနေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ သစ်ခုတ်သမားရဲ့ အိမ်မှာ...
"အဖေ..ရွာထဲကမိန်းမကြီးပြောတာကြားခဲ့တယ် ပန်းပွင့်ပြီတဲ့..."
"အိုး..ကောင်းရောကွာ ငါသခင်ငယ်လေးကိုမပြောပြခဲ့ရဘူး"
"ဘယ်လို..."
YOU ARE READING
Black Orchid
Romance"pan....ကိုယ့်ကိုစောင့်နေပါ" #Rayan "ကျွန်တော်...ထပ်စောင့်နေမယ်...ကျွန်တော့သခင်လေး" #Pan