3.6K 404 36
                                    

Unicode

အပိုင်း - ၇ : လက်ကိုင်မယ်ဆိုလက်အရင်ဆေး။

သွန်းနှင်းဆုမှ လင်းယုဝေကို Crush မိသည့် ကိစ္စသည် သူတို့အဖွဲ့၏ လှောင်စရာတစ်ခုလိုဖြစ်သွားတော့သည်။ ရှင်းသန့်မောင်နှင့်အာကာမိုးထက်သည် သူတို့ဆော့သည့် ဂိမ်းကိုအတူဆော့ကြသည့်ကောင်လေးများ။ လူကြမ်းလေးများဟူသည့် ဂိုဏ်းတစ်ခုဖွဲ့ထားကာသူတို့သည် ဂိမ်းထဲတွင် အကြိုက်ဆိုးပေကြသည်။ လင်းယုဝေကကျောင်းကင်းမှန်းသိသွားသည့် နောက်ပိုင်းမှစ၍ ဂိမ်းဆာဗာတစ်ခုလုံးတွင် 'လင်း'ဟုအမည်ပါသည့် ကစားသမားမှန်သမျှကိုသွန်းနှင်းဆုတစ်ယောက် လိုက်သတ်တော့၏။

"အားတော်ပါတော့ ငါရယ်ရလို့သေတော့မယ်"

မြို့ထဲရှိဂိမ်းဆိုင်တစ်ခုတွင် ဘေးချင်းကပ်ထိုင်နေရင်းမှ နဒီဇော်တစ်ယောက် နားကြပ်ချွတ်ကာပြောသည်။ သွန်းနှင်းဆု၏ မျက်နှာသည် သုန်မှုန်၍ကောင်းနေသေးဆဲ။

"ရှင်းသန့်မောင်ကအားနေ Low Level နောက်တစ်ကောက်ကောက်လိုက်တုန်းလား"

"အင်း"

"ငါ ဆက်မဆော့ချင်တော့ဘူးအဲ့ကောင်ရဲ့ ဂိမ်းထဲမှာအီနေမှုကြီးကိုအော့အန်ပြီးသေတော့မယ်"

သွန်းနှင်းဆု၏ စကားကြောင့် နဒီဇော်သဘောကျစွာရယ်သည်။

"အဲ့တော့ နင်ကဘယ်သွားမလို့လဲ"

"အခွေသွားဝယ်ရအောင် ဘာအခွေသစ်တွေရောက်နေလဲမသိဘူး"

လသာအပေါ်ဘလောက်တွင် သွန်းနှင်းဆုနှင့်သူမဝယ်နေကြ အခွေဆိုင်တစ်ခုရှိသည်။

"အင်းပြီးရောလေ"

နှစ်ယောက်သားအတူထွက်လာပြီးနောက် သူတို့အပေါ်ဘလောက်သို့ လမ်းလျှောက်လာလိုက်၏။ ဘေးချင်းကပ်လျှောက်နေကြရင်းမှ နဒီဇော်တစ်ယောက် ညဈေးတန်းကိုကြည့်သည်။

"ဘာလဲမုန့်စားချင်လို့လား"

"အင်း"

"အခွေဝယ်ပြီးအပြန်ဝင်ကြမယ်လေ"

"အဲ့ဆိုင်ကအခွေတွေကိုနင် မကြည့်ဘူးမလား"

"အင်းလေ"

Fall in love with the type I hate most! [Own Creation]Onde histórias criam vida. Descubra agora