23

5.2K 388 37
                                    

Unicode

အပိုင်း - ၂၃ : ဇာတ်လမ်းအစ။

နတ်သမီးပုံပြင်တွေမှာမင်းသားနဲ့မင်းသမီးနဲ့ညားလေသတည်း။ သူတို့ကနောက်ဆုံးမှာတော့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားလေသတည်း။ ဆိုတဲ့ဇာတ်သိမ်းမျိုးကိုလူတွေကိုနှစ်ခြိုက်တတ်ကြပါတယ်။ ကျွန်မကတော့ ဒါကမှ စတင်ခြင်းလို့ မှတ်ယူထားတယ်။

လူတစ်ယောက်ကိုချစ်သွားဖို့ကလွယ်တယ်။ ချစ်သွားပြီးကြုံလာမဲ့အရာတွေကိုကြံ့ကြံ့ခိုင်ပြီးဒီလူရဲ့လက်ကိုဆက်တွဲဖို့ဆိုတာကခက်လိမ့်မယ်။ ဘာကြောင့်လဲဆိုရင် လက်ဆိုတာကတစ်ယောက်တည်းတွဲထားလို့ရတာမျိုးမဟုတ်ဘူးလေ။

လင်းယုဝေရဲ့လက်ကိုအကြာကြီးတွဲထားနိုင်မယ်လို့ ကျွန်မမှာယုံကြည်ချက်မရှိဘူး။ ဒါပေမဲ့ သူ့ဆီမှာ ကျွန်မနစ်ဝင်နေပြီးပြီ။ ဒီလူရဲ့လက်ကို ကျွန်မတွဲကြည့်ရင်ကောင်းမလား။ တကယ်လို့ လက်တွဲတွေများပြုတ်ခဲ့ရင် ငယ်ငယ်တုန်းကအရုပ်တစ်ရုပ်ကိုဆုံးရှုံးတဲ့အချိန်တုန်းကထက် အများကြီးခံစားရလိမ့်မယ်ဆိုတာ ကျွန်မသိတယ်။

ကျွန်မကသတ္တိရှိတယ်လို့ ထင်ရပေမဲ့ သူရဲဘောကြောင်လွန်းတဲ့ လူတစ်ယောက်ပါ။ ဒါကြောင့်ပဲပြီးပြည့်စုံတဲ့အရာတိုင်းကို ကျွန်မမမျှော်မှန်းတာ။ ဘာလို့ဆို ကျွန်မကမပြည့်စုံတဲ့လူတစ်ယောက်လေ။ လင်းယုဝေက ကျွန်မအပေါ်မှာဘယ်လောက်များထိစိတ်ဝင်စားနိုင်မလဲ ကျွန်မမပြောတတ်ဘူး။ ကျွန်မရဲ့ နှလုံးသားကနုနယ်ပါတယ် သူ့လက်နဲ့အသာလေးဖိလိုက်ရင်တောင် ဆတ်ခနဲကျိုးကြေသွားနိုင်တယ်။ ကျွန်မလက်ထဲမှာရှိနေတဲ့ chipset lockup လေးလိုပေါ့။

နောက်ဆုံးနှစ်စာမေးပွဲဖြေဆိုရမည့် အချိန်ဖြစ်သည်။ သွန်းနှင်းဆုလက်ထဲက chipset lockup လေးကိုကြည့်၏။ ခရမ်းရောင်ပြေးနေသည့် ထို chipset lockup လေးသည် သူမဖတ်နေသည့် ရုပ်ပြစာအုပ်ထဲမှ ကုန်ပစ္စည်းလေးတစ်ခု။ ဇာတ်ကောင်လေးတစ်ကောင်သည် သူ့ကိုဖန်တီးသည့် စာရေးသူ၏ ဘဝထဲသို့ ဝင်လာခဲ့သည်။ ဇာတ်ကောင်လေး၏ အသက်သည် ထို chipset lockup လေး။ လက်တွင်အားအနည်းငယ်ထည့်၍ ဖိကိုင်လိုက်လျှင်ပင် ကျိုးကြေသွားနိုင်သည့် အရာလေး။ ထိုသည်ကိုဇာတ်ကောင်လေးသည် သူချစ်ရသောသူ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

Fall in love with the type I hate most! [Own Creation]Where stories live. Discover now