20

3.1K 330 2
                                    

Unicode

အပိုင်း - ၂၀ : တောင်းဆိုချက် လေးချက်။

သူတို့နှစ်ဦးကြားရှိ ပြောင်းလဲသွားသည့် အခြေအနေတချို့ကို မည်သူမျှ မရိပ်မိကြ။ လင်းယုဝေသည် သူ့အလုပ်နှင့်သူ ရှုပ်နေသလို သွန်းနှင်းဆုသည်လဲ ကျောင်းပြေးလိုက် ဂိမ်းဆော့လိုက် အတန်းတက်လိုက်ပင်။ မသိလျှင် သူတို့နှစ်ဦးသည် ပတ်သက်မှုမရှိတော့ဘဲ ကိုယ့်ဘဝနှင့်ကိုယ် လည်ပတ်နေကြသည့်နှယ်။ လင်းယုဝေသည် သူမကို အချိန်မှန် ဆက်သွယ်ဖို့တော့မမေ့။ အချို့သောရက်များတွင် ဖုန်းကိုင်လာတတ်သလို အချို့ရက်များတွင်တော့ သွန်းနှင်းဆု ဖုန်းမကိုင်။

လင်းယုဝေသည် ထိုအခြေအနေကို သူ ဝဋ်လည်နေသည်ဟုသာ မှတ်ယူထားလိုက်သည်။

သူ့တုန်းက မိန်းကလေးများ ဖုန်းဆက်လာလျှင် သွန်းနှင်းဆု လုပ်သလိုပဲ လုပ်ခဲ့တာမဟုတ်လား။ Message များ မပြန်၊ ဖုန်းကိုလဲ ကိုင်ချင်လျှင်ကိုင်ပြီး မကိုင်ချင်လျှင်မကိုင်။ ထို့အတွက် ယခုသူ့ဖြစ်ရပ်သည် ဝဋ်လည်ခြင်းဟုသာ မှတ်ယူထားလိုက်သည်။

"ကိုလင်းကို မရီးက သဘောမကျဘူးလား"

သူ့ညီတစ်ဝမ်းကွဲလေး၏ မေးခွန်းကြောင့် ဝရန်တာထွက် ဖုန်းခေါ်သည်ကို ဖုန်းမကိုင်သည့် သွန်းနှင်းဆုကို သူ့ တစ်နေ့တာအကြောင်း Message ပို့နေသည့် လင်းယုဝေ ပြုံး၏။

"သူ့မှာ စဉ်းစားစရာတွေ ရှိနေလို့"

"ကိုလင်းက ဒီလောက်အကုန်ပြည့်စုံနေတာကို သူက ဘာလို့မကြိုက်တာလဲ"

"ဟန်လေးဆိုရင်ရော ပြည့်စုံနေတဲ့ လူဆိုတာနဲ့ ကြိုက်လာမှာလား"

သူ့ညီတစ်ဝမ်းကွဲလေး၏ အမည်သည် ဟန်မင်းပိုင်ဖြစ်ပြီး အသက်ကြီးမှကလေးရသော အဒေါ်ဖြစ်သူ၏ တစ်ဦးတည်းသောသားဖြစ်သည်။ အမျိုးအားလုံးထဲတွင် အငယ်ဆုံးမို့ တစ်မျိုးလုံး၏ ဖူးဖူးမှုတ်ထားခြင်း ခံရသူလဲဖြစ်၏။ အမျိုးထဲရှိ မောင်နှမများထဲတွင် အကြီးဆုံးဖြစ်သောသူနှင့်အငယ်ဆုံးဖြစ်သည့် ဟန်လေးသည် အတော်ချစ်ခင်ကြသည်။ တစ်ဦးတည်းသော သားများဖြစ်၍ ထင်သည်။ အငယ်တစ်ယောက်လိုချင်သည့် လင်းယုဝေနှင့် အကြီးများကို ဆိုးတတ်သည့် ဟန်မင်းပိုင်သည် မောင်နှမအရင်းများထက်ပင် ပို၍ သင့်မြတ်ကြ၏။

Fall in love with the type I hate most! [Own Creation]Where stories live. Discover now