Chapter 1

995 73 6
                                    

အရာအားလုံးပြီးဆုံးသွားပြီးနောက် တင်းရွှမ်တစ် ယောက် အခြောက်လွန်တဲ့ငါးလို၊ မိုးရေထဲက မခြောက်နိုင်တဲ့ရေမြှပ်braလိုဖြစ်ကျန်ခဲ့လေပြီ။ ကြမ်းပြင်ပေါ်ကသူ့ဖုန်းကတော့ vibrateသံတညံညံနှင့် notiများဆက်တိုက်တက်လာ၏။

"အကိုရေ ခွင့်နည်းနည်းယူပြီး ဒီလာခဲ့လေ     ကျတော့်သူငယ်ချင်းတွေလည်းအတူတူပဲ  စိတ်အပြောင်းလဲလေးဖြစ်အောင် အပန်းဖြေခရီးသွားကြမှာ"

ရေချိန်လွန်နေသည့် တင်းရွှမ်ကတော့ ဖုန်းသံမကြားဘာမကြား ခလောခလူးနေတော့သည်။ နောက်နေ့လည် အိပ်ရာကနိုးပြီး ဖုန်းကောက်ကိုင်လိုက်ချိန်တွင်တော့ notiတွေကရေပင်မရေနိုင်တော့။ နောက်ဆုံးတစ်ခုက သူ့အတန်းဖော် စုန့်ရှင်းဆီကစာ: တင်းရွှမ် မင်းသေနေတာလား?ဒီတနင်္လာရက်ပထမဆုံးအတန်းက Robotikအချိန်နော် မင်းက ပျက်ရဲတယ်ပေါ့?မြန်မြန်ပါမောက္ခကို အီးမေးလ်ပို့ပြီး အကျိုးကြောင်းလေးရှင်းပြလိုက်ဦး အခုဆိုရင် အခြေနေအရမ်းမဆိုးသေးဘူး:

တင်းရွှမ်ဇတ်ချိုးရင်း စုန့်ရှင်းဆီဖုန်းခေါ်လိုက်၏။

"Hello..."    

တင်းရွှမ်သူ့လည်ပင်းက မီးလောင်နေသလိုခံစားနေရ၏။

"အေ ငါ့မှာ ကိုယ်ရေးကိုယ်တာကိစ္စတစ်ချို့ရှိလို့မနက်ပိုင်းမတက်တာကွာ"

"ဒေါက်တာဆီခေါ်လိုက်ဦး ပါမောက္ခဆီ ဆေးစာတင်လို့ရအောင်"         

"အေးပါကွာ မနက်တုန်းက အရေးကြီးတာတွေသင်သွားသေးလား? ငါ့ကို သင်ခန်းစာဖိုင်ပို့လိုက် ငါနောက်ကျဒေါင်းလိုက်မယ်"

"ဘာဖိုင်မှမရှိဘူး"

စုန့်ရှင်းမှာ ကနေအ အ ထိအသေးစိတ်ရှင်းပြလိုက်၏။

"ဒီဆရာက ဘာဖိုင်မှမပေးဘူး အတန်းထဲသူရှင်းပြတာအရင်နားထောင် ပြီးသူက အားလုံးအတန်းမှန်မှ မင်းသူ့အတန်းအပြည့်တက်ရင်တောင် ဘာမှမရဘူး နောက်ဆုံးစာမေးပွဲလေးဖြေခွင့်ပဲရမှာ အဲ့စာမေးပွဲရဲ့အဆင့်ကပဲ ဒီဘာသာရဲ့အဆင့်ကွာ တတိယတစ်ခုက နောက်ဆုံးစာမေးပွဲက နှုတ်ဖြေတဲ့ကွ စာဖြေသူတွေက သူ့ဆီတစ်ယောက်ချင်းဖြေရမယ် ဒီရက်စာငါ့noteကိုမင်းကိုပုံပို့လိုက်မယ် ဒါပေမယ့် ငါအားလုံးလိုက်မမှီလိုက်ဘူးထင်တယ်"

Distanceပေါ်ကချစ်ဖူးစာDistanceေပၚကခ်စ္ဖူးစာWhere stories live. Discover now