Chapter 2

302 37 10
                                    

မနက် ၉နာရီ ၄၅မိနစ်မှာ ပေါ်ချန်းရီတစ်ယောက် အတန်းပထမချိန်ပြီးသည်နှင့် လိန်ဇစ်ဟိုတယ်ကို ကျောင်းသားများညစာစားပွဲအတွက်ချက်ချင်းခရီးဆက်လိုက်ရင်း ပန်းခြံထဲ မုန်ယွိရုန်ကို စောင့်နေလိုက်၏။

"ဟေး မတွေ့တာကြာပြီနော်"

ချန်းရီ Waiterကို ဝိုင်နှစ်ခွက်မှာလိုက်သော်လည်း ယွိရုန်တစ်ယောက် လက်ဖက်ရည်မှာလိုက်သဖြင့် သူပါ ကော်ဖီပြောင်းလိုက်၏။

"အကြိုက်တွေပြောင်းသွားပြီလား?"

"ကိုယ်၀န်ဆောင်ထားတာ အရက်ပါလို့မဖြစ်ဘူး"

ချန်းရီ ယွိရုန်၏ ဒေါက်ဖိနပ်ချွန်ချွန်ကိုသာစိုက်ကြည့်ရင်း ဘာမှမပြောဖြစ်။

"ချန်းရီ ရှင်လည်းအကြိုက်ပြောင်းသွားတယ်နော်"

"ငါဘယ်တုန်းကမှ ဝိုင်တွေ သကြားများတဲ့ဖျော်ရည်တွေမကြိုက်ခဲ့ဖူးဘူး"

"အဲ့တာရှင့်ပုံစံပဲလေ ရှင်တစ်ဘ၀လုံးမကြိုက်တာတွေတောင် သောက်နိုင်တဲ့လူမျိုး"

"ကိစ္စကြီးကြီးကျယ်ကျယ်မှမဟုတ်တာ"

"ရှင့်အတွက် တာ၀န်ဆိုတာက ပိုအရေးကြီးတယ်လေ ဟုတ်တယ်မဟုတ်လား?ရှင်အခုထိခေါင်းမာနေတုန်းပဲ"

ယွိရုန် လက်သူကြွယ်က လက်ထပ်လက်စွပ်အသစ်စက်စက်ကိုအမှတ်တမဲ့ပွတ်ကြည့်နေ၏။ ဒီနေရာမှာ အရင်ကလက်စွပ်လေးတစ်ကွင်းနေရာယူခဲ့ဖူးပါသည်။ မဂ္ဂဇင်းပေါ်က ယောင်္ကျားပုံကိုမမြင်လိုက်ရရင် ချန်းရီက သူ့ရဲ့ပြည့်စုံတဲ့ယောင်္ကျားကောင်းတစ်ယောက်ဖြစ်နေဦးမည်ပင်။

"ကောင်လေးရှိနေပြီလား?"

ဒီမေးခွန်းနှင့် သိပ်မရင်းနှီးသလို ချန်းရီမျက်မှောင်ကြုတ်သွားပြီး ဝိတ်တာချလာသည့် ကော်ဖီကိုတစ်ငုံသောက်ပြီးမှ

"မရှိဘူး"

"ရှင်သိလား? သူကရှင့်လိုမကောင်းဘူး သူ့စိတ်ကရှင့်စိတ်လိုမဖြူစင်ဘူး ရှင်နဲ့နှိုင်းစရာတောင်မရှိဘူး ဒါပေမယ့် သူနဲ့နေရင် အရာအားလုံးကနေရာမှန်သလိုခံစားရတယ် ကြောင်တောင်တောင်နိုင်ပေမယ့် ရှင်အရမ်းကောင်းရင်တောင် တစ်ခုခုလွဲနေသလိုခံစားရတယ် အမြဲတမ်းပဲ"

You've reached the end of published parts.

⏰ Last updated: Jul 05, 2021 ⏰

Add this story to your Library to get notified about new parts!

Distanceပေါ်ကချစ်ဖူးစာDistanceေပၚကခ်စ္ဖူးစာWhere stories live. Discover now