လေးလံနေတဲ့ခြေထောက်တွေကို အတင်းအားယူပြီးပြေးနေရတယ်။သူမအားကုန်သုံးပြီးပြေးနေပေမဲ့တစ်စုံတစ်ခုကသူမကိုဆွဲငင်ထားသယောင်ယောင်။သူမကိုလိုက်ဖမ်းနေတဲ့သူတွေရဲ့လက်ထဲကလွတ်အောင်ကြိုးစားခဲ့သော်လည်း နောက်ဆုံးတော့မိသွားခဲ့ပြီ။
''လွှတ်..ကျမကိုလွှတ်..ဘာလို့ဖမ်းရတာလဲ.!!"
ထိုလူတွေကမျက်နှာဖုံးတွေတပ်ထားကြတယ်။သူမရုန်းကန်ပြီးလွှတ်မြှောက်အောင်လုပ်နေပေမဲ့လည်းအချည်းနှီးသာ။မျက်နှာဖုံးတပ်ထားတဲ့အဲ့ဒီလူတွေကသူမကိုမှောင်မဲနေတဲ့ အခန်းတစ်ခုထဲကိုခေါ်သွားကြတယ်။အခန်းထဲကိုရောက်တော့ ခုံတစ်ခုမှာသူမကိုထိုင်စေလိုက်သည်။သူမထပြီးထွက်ပြေးဖို့လုပ်ပေမဲ့သူမတစ်ကိုယ်လုံးလှုပ်ရှားလို့မရတစ်ခုခုနဲ့ညို့ထားသလိုဘာဆိုဘာမှလုပ်လို့မရ။
သူမဘေးကိုဝေ့ကြည့်လိုက်တယ် အမှောင်တစ်နေရာမှာသူမကိုကြည့်နေတဲ့လူတစ်ယောက်။''ဒီမှာရှင့်..ဒီမှာ..ကျွန်မကိုတဆိတ်လောက်ကူညီပေးပါလားကျွန်မကိုလူတွေဖမ်းခေါ်လာကြလို့။''
''ကျေးဇူးပြုပြီးကူညီပေးပါလားရှင်''
''ကျွန်မကျေးဇူးမမေ့ပါဘူး''
ထိုလူဆီကဘာသံမှထွက်မလာပါ။ဘာတုံပြန်မှုမှမရှိတာကြောင့်သူမလဲဒေါသထွက်လာပြီး...
''ဟေ့လူနားမကြားဘူးလားကျွန်မကိုတဆိတ်လောက်ကူညီပေးစမ်းပါ''
ထိုလူကသူမပြောတာတွေကိုဂရုစိုက်ပုံမပေါ်လက်ထဲရှိဆေးလိပ်ကိုခပ်ပြင်းပြင်းရှိုက်သောက်ရင်းသူမကိုကြည့်နေသည်။ခဏကြာတော့ထိုလူကခုံမှထပြီးသူမဆီကိုတလှမ်းချင်းလှမ်းလာနေတယ်။ရုတ်တရက်လှမ်းလာနေတဲ့ခြေလှမ်းတွေကြောင့်သူမလန့်သွားရသည်။
''ဟေ့လူ..ခင်ဗျားဘာလုပ်မလို့လဲ''
ထိုလူကတလှမ်းချင်းလျှောက်လာပြီးသူမရှေ့မှာရပ်လိုက်တယ် ပြီးတော့သူ့လက်ထဲကသောက်လက်စဆေးလိပ်မီးနဲ့သူ့မပါးစပ်ထဲကိုအတင်းထိုးထည့်လိုက်သည်။
''အားးးး!!!မလုပ်ပါနဲ့"
ချွေးများစိုရွှဲပြီးမောဟိုက်စွာဖြင့်သူမလန့်နိုးလာတယ်။သူမအော်သံကြောင့်ထင်ပါရဲ့အမဖြစ်သူကအခန်းထဲကိုပြာပြာသလဲဝင်လာတယ်။