Ep.16(Uni)

10.5K 488 69
                                    

ဆောင်းbarကိုရောက်တော့အရက်တွေကိုပဲမနားတမ်းသောက်နေမိတယ်။ပူပါတယ်ဆိုတဲ့အရက်တွေတောင်ဆောင်းရဲ့ရင်ထဲကအပူတွေကိုမယှဉ်နိုင်ပါလား။Daddyတို့အတင်းအကျပ်လုပ်ရင် မနဲ့ခွဲရတော့မယ်လို့တွေးလိုက်တိုင်းရင်ထဲမှာနာကျင်ရတယ်။

~ ~ ~ ~ ~ ~ ~ ~ ~

ဟန်နီ ;ညတောင်ရောက်နေပြီသဲဘာလို့ဖုန်းမဆက်သေးတာပါလိမ့်။ဟူးးးးငါကလည်းစိုးရိမ်လွန်နေပြန်ပြီဉီးလေးတို့နဲ့စကားပြောနေလို့ဖြစ်မှာပါလေ..."

အတွေးထဲနစ်နေတုန်းဟန်နီမျှော်နေတဲ့ဆောင်းဆီကဖုန်းဝင်လာခဲ့တယ်။

"ဟလိုမင်္ဂလာပါဗျ"

၀မ်းသာအားရဖုန်းကိုကောက်ကိာင်လိုက်ပေမဲ့တဖက်ကကြားလိုက်ရတဲ့အသံကြောင့်ရုတ်တရက်ထိန့်လန့်သွားရတယ်။

"ဟုတ်ကဲ့အခုပြောနေတာဘယ်သူများလဲ"

"ကျွန်တော်(***)barကပါဗျ။ဒီဖုန်းပိုင်ရှင်အမကအမူးလွန်ပြီးအိပ်ပျော်နေလို့ဆက်သွယ်လိုက်တာပါဗျ"

"အော်ဟုတ်ပြီဟုတ်ပြီကျွန်မအခုပဲလာခေါ်လိုက်မယ်"

"ဟုတ်ကဲ့ဗျ"

တဖက်ကဖုန်းချသွားတော့အပြေးအလွှားအင်္ကျီကောက်ဝတ်ကာဆောင်းကိုသွားခေါ်ဖို့ပြေးရတော့တယ်။

နွေရိပ် ;အငယ်မဘယ်သွားမလို့လဲညကြီးမင်းကြီး"

ဟန်နီ ;အာ..ဟိုဆောင်းbarမှာမူးပြီးမှောက်နေတယ်ပြောလို့သွားခေါ်မလို့"

နွေရိပ် ;ဟင်..ငါကလေးရောပါသေးလား"

ဟန်နီ ;အရေးထဲသူကတစ်မျိူးမိုးစက်မပါဘူးဆောင်းတစ်ယောက်ထဲ

နွေရိပ် ;ဟူးတော်သေးတာပေါ့ငါ့ကလေးလေးကအလိမ္မာတုံးလေး။သူများတွေလိုမဆိုးဘူး

ဟန်နီ ;အဟမ်းစကားပြောတာကြည့်ပြောနော်။ညီမလေးရဲ့သဲငယ်လေးကလည်းလိမ္မာပါတယ်စိတ်ညစ်စရာတွေရှိလို့အနည်းငယ်ပဲသောက်တာပါ။ဟွန့်မမကိုပြောနေရတာအချိန်တွေကုန်တယ်။သွားပြီ!"

နွေရိပ် ;အမယ်ကြည့်စမ်းသူ့မိန်းမကိုထိတော့ငါ့ကိုကပ်ကပ်လန်အောင်ပြန်ပြောသွားတာ

မဟေသီ (21+)Where stories live. Discover now