ဟန်နီ ;မရဘူးမိန်းကလေးတွေနဲ့အတူရှိတာတောင်မကြိုက်ပါဘူးဆိုနေယောကျာ်းလေးတွေအနားကပ်ဖို့စိတ်တောင်မကူးနဲ့
မကိုယ်တိုင်ဆေးထည့်ပေးမယ်သွားပြီးဆေးယူလာခဲ့။ဆောင်း ;ဒါဆိုဒီမှာပဲထ်ိုင်စောင့်နေနော်ဘယ်မှမသွားနဲ့သဲပြန်လာခဲ့မယ်။
ဆောင်းလည်းသူ့အချစ်ကြီးအလိုကျဆေးထည့်ပေးတာခံဖို့ဆေးရုံကောင်တာမှာဆေးသွားယူပြီးပြန်လာခဲ့လိုက်တယ်။
အခန်းထဲပြန်ရောက်တော့ဆောင်းထားခဲ့တဲ့နေရာမှာပဲငြိမ်ငြိမ်လေးထိုင်စောင့်နေတဲ့ဟန်နီ...
ဟန်နီ့ကိုကြည့်ပြီးဆောင်းမှာရင်တွေနာရပြန်သည်။ဆောင်း's mind ;ငါဘယ်လိုတောင်အသိစိတ်မဲ့ခဲ့လိုက်သလဲက်ိုယ်ချစ်ရတဲ့သူကိုတောင်ဒဏ်ရာတေနဲ့နာကျင်စေခဲ့မိတယ်။
မျက်နှာမှာဒဏ်ရာအပြည့်နဲ့ဟန်နီ့ကိုကြည့်ရင်းဆောင်းမျက်ရည်တွေကျလာပြန်သည်။
ဟန်နီ ;သဲလေးဘယ်နှယ့်ဖြစ်လို့တံခါး၀မှာရပ်ပြီးငိုနေပြန်တာလဲ။ဘယ်သူကဘာလုပ်လိုက်လ်ို့လဲမကိုပြောမချက်ချင်းသွားပြီးရန်တွေ့ပြစ်မယ်။
ဆောင်း ;ဘယ်သူကမှဘာမှမလုပ်ပါဘူးမရယ် မ ကိုအခုလိုနာကျင်အောင်လုပ်မိတာကိုပြန်တွေးတိုင်း၀မ်းနည်းလို့ပါ။
ဟန်နီ ;အဲ့ဒါက်ုပြန်တွေးမနေနဲ့တော့လေနော် မ အခုကောင်းသွားပြီပဲလေ။
ဟန်နီ,ဆောင်းရဲ့ကိုယ်လေးကိုဆွဲယူကာရင်ခွင်ထဲမှာထွေးပွေ့ထားလိုက်လေသည်။
ဆောင်း ;မ"
ငိုသံအနည်းငယ်စွက်နေတဲ့ဆောင်းရဲ့ခေါ်သံကြောင့်ဟန်နီခေါင်းလေးကိုငဲ့စောင်းကာကြည့်လိုက်သည်။ရင်ခွင်ထဲက ကလေးငယ်ရဲ့မျက်၀န်းတွေမှာမျက်ရည်စလေးတွေတွဲလဲခိုနေတာကိုအသာအယာဖယ်ရှားပေးရင်း...
ဟန်နီ ;ပြောလေသဲငယ်"
ဆောင်း ;သဲတို့လက်ထပ်ရအောင်"
ရုတ်တရက်ဆောင်းထံမှထွက်ပေါ်လာတဲ့စကားကြောင့်နားကြားမမှားစေရန်အတည်ပြုဖို့ဆောင်းရဲ့မျက်၀န်းထဲမှာအဖြေရှာနေမိသည်။