Ch-5 Part 1

828 189 3
                                    

Unicode

ဒီညကတော့ ရှဖန် အိပ်ရေးပျက်တဲ့ညပဲ။

ဆန်းကြယ်တဲ့ရည်းစားဖြစ်သူနဲ့ ထူးဆန်းတဲ့နံပါတ်၂၇ဆိုတာတွေပဲ သူမခေါင်းထဲမှာ တဝဲဝဲလည်နေတယ်။

နောက်တစ်နေ့ရောက်တော့ သူမရဲစခန်းကို စောစောရောက်အောင်သွားခဲ့ပေမဲ့ ဟန်ဇီချန်းရယ်၊ နဂါးနဲ့ကြွက်ညီနောင်နှစ်ဖော်ရယ်က သူမထက်အရင်ရောက်နေလေတယ်။

ရှဖန်မေးလိုက်တယ်။
"တစ်ခုခု တိုးတက်လာတာများရှိလား?"

"မနေ့က မှောင်ခိုအလွတ်စုံထောက်တွေ အွန်လိုင်းကနေအလုပ်လက်ခံတာကို မင်းငါ့ကိုသတိပေးခဲ့တယ်၊ အဲဒါကြောင့် ငါတို့မနေ့ညက ဝမ်ရို့အိမ်ကိုသွားခဲ့တယ်၊ သူ့ကွန်ပျူတာကိုစစ်ကြည့်လိုက်တော့ လီဟိုက်ဆိုတဲ့လူဆီ ငွေညှစ်တဲ့စာတစ်စောင် ပို့ထားတာကိုတွေ့လိုက်ရတယ်"

"လီဟိုက်? ရှင်းယန်အင်တာနေရှင်နယ်ရဲ့စီအီးအို လီဟိုက်လား?"

"ဟုတ်တယ်၊ အီးမေးလ်လိပ်စာနဲ့ လက်ခံတဲ့IPအရဆိုရင်တော့ သူပဲ"

"မေးလ်ထဲမှာ ဝမ်ရို့ လီဟိုက်ကိုပြောထားတာက သူပို့လိုက်တဲ့ပစ္စည်းရပြီးပြီလားတဲ့၊ အဲဒီကိစ္စကိုလိုင်းပေါ်မတင်လိုက်စေချင်ရင် သူပြောသလိုလုပ်ရမယ်တဲ့"

ဒီလိုနဲ့ ဝမ်ရို့က လီဟိုက်ကို ပိုက်ဆံတစ်မီလီယံ ငွေညှစ်တဲ့ကိစ္စဘက် ပြောင်းသွားလေတယ်။

မေးလ်ထဲမှာ ပိုက်ဆံလွှဲရမယ့် အကောင့်နံပါတ်တွေပါပါတယ်။ ဒါပေမဲ့ ဘာကိစ္စကြောင့်များ လီဟိုက်က ဒီလောက်ပိုက်ဆံအများကြီး ငွေညှစ်ခံရတာလဲ?

အကြောင်းအရာကိုတော့ မေးလ်ထဲမှာမပြောထားဘူး။ သူတို့က ပို့လိုက်တဲ့ပစ္စည်းအကြောင်းကိုပဲ ပြောနေကြတာ။

မေးလ်ထဲမှာ လီဟိုက်ဘက်ကပြန်ပြောထားတာက ပိုက်ဆံတိုက်ရိုက်လွှဲတာက စွန့်စားသလိုဖြစ်တာကြောင့် ငွေသားနဲ့လွှဲချင်တဲ့အကြောင်းပဲဖြစ်တယ်။

သူက ဝမ်ရို့ကို ပို့မယ့်ပစ္စည်းကို တစ်ပါတည်းယူလာခိုင်းပြီး အလဲအလှယ်လုပ်မှာဖြစ်တယ်။

၂၇ချက် ဓားထိုးသတ်မှု (ဘာသာပြန်)Donde viven las historias. Descúbrelo ahora