Prologue

3.3K 320 4
                                    

Edited by - candymay322, Candle_00

Unicode

နွေဦးရာသီလည်း မကုန်သေး၊ နွေရာသီလည်း မရောက်သေးတဲ့ လှပတဲ့မေလမှာ ရာသီဥတုက နေ့ဘက်တွေမှာ အရမ်းပူပေမယ့် ညဘက်ရောက်ရင်တော့ အေးအေးလေးနဲ့ နေလို့ထိုင်လို့သိပ်ကောင်းတယ်။

အချိန်က ညကိုးနာရီကျော်အချိန်...

လျင်မြန်တဲ့ နေ့အချိန်က ကုန်ဆုံးသွားပြီး ညခင်းအချိန်အခါ စတင်လာသည့်အချိန်။ မိန်းလမ်းမကြီးပေါ်မှာတော့ ကားတွေက သွားလိုက်လာလိုက်နဲ့ ယာဉ်ကြောတွေလည်း သိပ်ကိုရှုပ်နေခဲ့တယ်။

ဒါပေမဲ့ ရှောင်းနန်လို့ခေါ်တဲ့ နောက်ဖေးလမ်းကြားလေးတစ်ခု အတွင်းမှာတော့ ဆူဆူညံညံအသံတွေကို သိပ်မကြားရဘဲ အလွန်အမင်း တိတ်ဆိတ်နေခဲ့တယ်။

လမ်းကျဉ်းလေးက မြင့်မားတဲ့အုတ်တံတိုင်းတွေရဲ့ ကာရံထားခြင်းခံရပြီးတော့ အဲဒီကလေထုကလည်း အလွန်အေးမြလတ်ဆတ်နေတယ်။

နံရံတွေက အရွက်တွေကြောင့် အစိမ်းရောင်ကို ပြောင်းနေပြီဖြစ်ပြီး အရွက်တွေရဲ့အရိပ်တွေကလည်း အမှောင်ထဲကနေ ထိုးထိုးထောင်ထောင် ထွက်နေခဲ့တယ်။

လေထုတစ်ခုလုံးက ထူးခြားဆန်းပြားနေလေရဲ့။

လမ်းကြားအတွင်းပိုင်းက လမ်းမီးတိုင်မှိန်မှိန်လေး အောက်မှာတော့ ယောကျာ်းတစ်ယောက်က မြေပြင်ပေါ်မှာလဲကျနေခဲ့ပြီး သူ့ဘေးမှာတော့ အဖြူရောင်ဂါဝန်နဲ့ အမျိုးသမီးငယ်လေးတစ်ယောက် ရှိနေခဲ့တယ်။

သူမက ဓားတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ဓားကိုအမြင့်ကြီးမြှောက်လိုက် အောက်ကိုပြန်ချလိုက် လုပ်နေခဲ့တယ်။ သူမက ဘေးမှာလဲကျနေတဲ့ ထိုအမျိုးသားရဲ့ ခန္ဓာကိုယ်ကို ဓားနဲ့တစ်ချက်ပြီးတစ်ချက် ထိုးနေခဲ့တယ်။

သွေးတွေကဖြာကနဲ ဖြာကနဲပဲ။

ထိုအမျိုးသမီးရဲ့ ခန္ဓာကိုယ်၊ မျက်နှာနဲ့ လက်မောင်းတွေအကုန်လုံး သွေးတွေနဲ့ဖုံးလွှမ်းနေခဲ့တယ်။ တောက်ပတဲ့ အနီရောင်အရည်တွေကလည်း ထိုအမျိုးသားလဲကျနေတဲ့ ဘေးကနေ မြေပြင်ပေါ်ကို စီးဆင်းနေခဲ့တယ်။

၂၇ချက် ဓားထိုးသတ်မှု (ဘာသာပြန်)Where stories live. Discover now