Ch-2 Part 3

902 196 6
                                    

Unicode

ဒီအခါမှာတော့ ရှဖန် စိတ်ပျက်အားလျော့လာတယ်။ အစ်မဖြစ်သူရဲ့အဖြေတွေက ပြီးပြည့်စုံနေတယ်။ မှုခင်းဖိုင်တွေထဲမှာ မှတ်ထားတာတွေနဲ့ မကိုက်ညီတာမျိုးလည်းမရှိဘူး၊ အပြစ်အနာအဆာလည်းမရှိဘူး။

လူသတ်သမားဖြစ်တဲ့ လျောင်ရှောင်ချင်းတစ်ယောက်သာ ဒီအဖြစ်မှန်ကြီးတစ်ခုလုံးကို သိတဲ့ပုံပေါ်နေလေတယ်။ ဒါပေမဲ့ ဖြစ်ပျက်ခဲ့တာတွေကို သူမမမှတ်မိပါဘူးလို့ ဖော်ပြထားတာကလည်း ရှိနေပြန်ရော။

သက်သေတွေကလည်း အခိုင်အမာရှိနေပြီး သူမကိုလည်း အခင်းဖြစ်ရာနေရာမှာတင် ဖမ်းမိခဲ့တယ်။

ဒါဆို ဒီအမှုက နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေ လုပ်စရာမလိုတော့တဲ့ ပိတ်ထားတဲ့အမှုတစ်ခုဆိုတာ တကယ်ပဲလား?

ဟန်ဇီချန်းက အိမ်ကိုစစ်ကြည့်ပြီးတဲ့နောက်မှာ သန့်စင်ခန်းသုံးဖို့ ထွက်သွားလေတယ်။

အဲဒီနောက်တော့ သူကရုတ်တရက်ကြီး ထမေးလိုက်တယ်။
"မိန်းကလေးလျောင် ခင်ဗျားမိသားစုမှာ ခင်ဗျားတို့ညီအစ်မနှစ်ယောက်ပဲ ရှိတာလား? တခြားဆွေမျိုးတွေဘာတွေရော မရှိဘူးလား?"

"ဟင်အင်း ဆွေမျိုးတွေ တစ်ယောက်မှမရှိတော့ပါဘူး၊ ကျွန်မမိဘတွေကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်က ကားအက်စီးဒန့်စ်တစ်ခုကြောင့် ဆုံးပါးသွားခဲ့ပါပြီ"

"ဒါဆို ခင်ဗျားညီမကို ခင်ဗျားတစ်ယောက်တည်း စောင့်ရှောက်နေရတာပေါ့၊ ဒါတော်တော်လေး ခက်ခဲမှာပဲ! စကားမစပ် ဒီနားတစ်ဝိုက်ကအိမ်တွေက တစ်လုံးကို ဈေးဘယ်လောက်လောက်ရှိလဲဗျ?"

လျောင်ရှောင်ယွိက စက္ကန့်ပိုင်းလောက် တောင့်သွားပေမဲ့ သူမကိုယ်သူမ အမြန်ပြန်ထိန်းလိုက်နိုင်ပြီး နည်းနည်းသတိထားပြောလာတယ်။
"ဈေးမနည်းဘူးရှင့် ကျွန်မမိဘတွေ ဆုံးသွားတော့ သူတို့က ကျွန်မတို့ညီအစ်မအတွက် ငွေတွေချန်ခဲ့တယ်လေ"

ဟန်ဇီချန်းကပြုံးလိုက်ပြီး လျောင်ရှောင်ချင်းရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်တဲ့ မေးခွန်းအနည်းငယ်ကို ဆက်လက်မေးမြန်းနေလိုက်တယ်။ ပြီးနောက် သူမကိုကုသပေးနေတဲ့ ဆရာဝန်ရဲ့ဖုန်းနံပါတ်ကို တောင်းလိုက်ပြီး ရှဖန်နဲ့အတူ ပြန်ထွက်လာခဲ့တယ်။

၂၇ချက် ဓားထိုးသတ်မှု (ဘာသာပြန်)Where stories live. Discover now