Intro

62 3 10
                                    

Unicode//

မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်..
တစ်မြို့လုံးတွင် အဆင့်တန်းမြင့်ဆုံး ထိပ်တန်းကျောင်း...
အောင်ချက်အမြင့်ဆုံး ကိုယ်ပိုင်ကျောင်း....

ထိပ်တန်းကျောင်းတွင် ထိပ်တန်းကျောင်းသားများ လာစုလေသောအခါ ပြသာနာပေါင်းသောင်းခြောက်ထောင်နှင့် ကျောင်းကြီးသည် အနားမနေရတော့ပြီ ။

ထိပ်တန်းစာရင်းဝင် ကျောင်းသားရှစ်ဦးအကြောင်း ပြောပြချင်သေး၏ ။

ကျောင်းတွင် နာမည်အကြီးဆုံးမောင်နှမ နှစ်ယောက်...
ဘုဏ်းဆင့်သွေး နှင့် ဘုဏ်းဆင့်ဟန်
တစ်ကျောင်းလုံး၏ king နှင့် queen ဟုဆိုလျှင်လည်း မမှားနိုင် ။
မိန်းကလေးမရှောင် ယောကျာ်းလေးမရှောင် ရှိသမျှလူနှင့် တွဲတတ်သည် ။ ရုပ်ခံရှိသလောက် ပွေလွန်းသော မောင်နှမနှစ်ယောက် ။ ပွေရှုပ်လွန်းသောကြောင့် စားဘဲမောင်နှမအဖြစ် နာမည်ကြီးလေသည် ။

နောက်တစ်ယောက်ကား အထက်တန်းရောက်မှ ထိုကျောင်းသို့ပြောင်းလာသော ကျောင်းသားသစ် မင်းခေတ်သန့် မိဘများက ချမ်းသာသောကြောင့်လည်းကောင်း တစ်ဦးတည်းသောသား
ဖြစ်သောကြောင့်လည်းကောင်း အိမ်ထဲမှအိမ်ပြင်မထွက်ခိုင်းပေ ။ ဆရာငှား၍ဘဲ စာသင်ပေးသည် ။ အထက်တန်းရောက်မှသာ ကျောင်းထားခြင်း ဖြစ်လေသည် ။
ထို့ကြောင့် မသိတာ မလုပ်တတ်တာများသည် ။ ရှစ်တန်းရောက်သည်ထိ ထမင်းခွံကျွေးမှ ထမင်းစားတတ်လေသည် ။ မသိတာ မမြင်ဖူးတာ မလုပ်တတ်တာ အလွန်များသောကြောင့် မယ်သီတာ ( မသိတာ ) ဟု နာမည်ကြီးလေသည် ။

ရှိသမျှ လောင်းကစားပွဲ ရန်ပွဲတိုင်းတွင် မပါလျှင်မပြီးသော အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လည်းရှိလေသည် ။ ဥက္ကာခန့် နှင့် ဇေလင်းဖြိုး ။ ရန်ပွဲတိုင်းတွင် သူမပါလျှင်မပြီး ရန်ပွဲမရှိလျှင် ရှာကျန်၍ရန်ဖြစ်တတ်သောသူကား ဥက္ကာခန့် ။ ဥက္ကာခန့် အားကိုးဖြင့် ဇေလင်းဖြိုးသည် လောင်းကစားပွဲများတွင် အာကျယ်လေသည် ။ ရုံးခန်းနှင့် အဆက်မပြတ်သော သူများဖြစ်သောကြောင့် ကျောင်းအုပ်ဆရာမကြီးနှင့်ပင် မျက်မှန်းတန်းမိနေလေသည် ။

School DiaryWhere stories live. Discover now