၀။ ဖော်ပြချက် /ဖော်ပြချက်

4.9K 211 4
                                    

ဗီလိန်မလေး: "ငါနင့်ကို အလိုလိုက်မယ်"

ဇာတ်လမ်းတိုင်းမှာ ဇာတ်လိုက်နှင့်ဇာတ်လိုက်မကြားက ဆက်ဆံရေးကို အကြီးမားဆုံးအဟန့်အတားဖြစ်စေသော ဗိီလိန်မတစ်ယောက်တော့ ပါကိုပါလေ့ရှိသည်။ဗီလိန်တိုင်းသည် စိတ်ပျက်စရာအဆုံးသတ်နှင့်သာ အဆုံးသတ်သွားရ၏။

ခိုင်မာသောအစွဲဖြင့် အချိန်နှင့်နေရာကိုပြောင်းလဲရန်ဖိတ်ခေါ်ခံရပြီးနောက် ရှင်းအာသည် အသည်းကွဲနေသောညီမငယ်လေးအား နှစ်သိမ့်ပေးရန်ဆုံးဖြတ်လိုက်ပြီး ညီမငယ်လေးကို ပုံမှန်ဘ၀နှင့်နေနိုင်အောင် ကူညီပေးလိုက်သည်။ထို့နောက် ညီမငယ်လေး၏သနားစဖွယ်ဗီလိန်ကံကြမ္မာကိုလည်း ဖယ်ရှားပေးရန် ကြိုးပမ်းတော့သည်။

ညီမငယ်လေး: "ရှင်းအာ နင်ငါ့ကိုချစ်နေပြီ၊ ဟုတ်တယ်မလား?"

ရှင်းအာ: "မဟုတ်...မဟုတ်ဘူး၊ ငါမချစ်ဘူး"

ညီမငယ်လေး: "နင်ပဲ ဆက်တိုက်ပြောနေခဲ့တာလေ၊ ငါကကမ္ဘာမှာ အလှဆုံး၊အကောင်းဆုံး၊အရာအားလုံးနှင့် အထိုက်တန်ဆုံးဆို၊ ငါ့အနားမှာလည်း အမြဲတမ်း တွယ်ကပ်ပြီး အလိုလိုက်ထားတာလေ၊ ဒီအချက်တွေက နင်ငါ့ကိုအရူးအမူးစွဲလမ်းနေတယ်လို့ သက်သေပြနေကြတာပဲကို"

ညီမငယ်လေး: "နင် ငါ့ကို ရှင်းပြစရာမလိုပါဘူး၊ ရှင်းအာ နင့်ကို ငါ စိတ်ပျက်မသွားပါဘူး"

ရှင်းအာ: "အမှန်တော့ အားလုံးက နားလည်မှုလွဲတာတွေပဲ...ဟမ်! ညီမငယ်လေး နင်ကအရမ်းလှတာပဲ၊ အနမ်းခြွေကြရအောင်"

*ဤဇာတ်လမ်းသည် ဗီလိန်မလေးနှင့် ဇာတ်လိုက်မလေးတို့၏ ပြန်လည်၀င်စားကြပြီး ဇာတ်လမ်းအမျိုးမျိုးတွင် အချင်းချင်းရှာဖွေကာ ချစ်ကျွမ်း၀င်မိကြသည့် စွန့်စားမှုများအပေါ် အခြေတည်ထားသည်*

Edit(20.11.2021)~ဒီဟာက systemအမျိုးအစား မဟုတ်ပါဘူးနော်၊ reincarnationဆိုတဲ့ လူဝင်စားခြင်းအမျိုးအစားပါ၊ ဆန္ဒပြင်းပြတဲ့တစ်စုံတစ်ယောက်က သူ့ဆန္ဒတွေဖြည့်ဆည်းပေးဖို့ အမှောင်လောကဆီကတစ်စုံတစ်ဦးကို ဖိတ်ခေါ်ပြီး အလဲအထပ်လုပ် တောင်းဆိုတာမျိုးပါ၊ ကိုယ်ခန္ဓာကို မူရင်းဝိဉာဥ်က အမှောင်ဝိဉာဥ်ဆီပေးလိုက်တာပေါ့၊ ဝိဉာဥ်လဲလိုက်တဲ့သဘောပေါ့၊ FL(အမျိုးသမီးဇာတ်လိုက် ရှင်းအာ)ကလည်း ဖိတ်ခေါ်ခံရပြီး သူရောက်တဲ့ကမ္ဘာတိုင်းမှာ FC(အမျိုးသမီးဇာတ်ကောင် ညီမလေးဆိုတဲ့တစ်ယောက်)နှင့်တွေ့ဆုံတာပါရှင်။ဟီးဟီ~~ လောကဘာညာဆိုပြီး အခန်းဆက်နှင့်ဆိုတော့ systemနှင့်မှားမှာစိုးလို့ပါ။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Where stories live. Discover now