၂၁။ အခန်း (၁၀) / အခန္း (၁၀)

369 64 5
                                    

၂၁။ အခန်း (၁၀)

ဧည့်ခံပွဲတွင် လူတိုင်းသည် လင်းစီယကို သိကြသည်။

ဟွမ်ယွမ်ဆေးဝါးကုမ္ပဏီမှ အမာရွတ်ပျောက်စေသည့်လိမ်းဆေး ဖြန့်ဖြူးပြီးနောက် လူများစွာ၏အာရုံစိုက်မှုကို ရသွားကြသည်။လင်းစီယသည်လည်း တဖြည်းဖြည်းလူသိများလာပြီး လင်းမိသားစုက သူမကိုနှင်ထုတ်ထားသည်ကိုပင် မေ့လျော့နေကြပုံပင်။

ဤ အမာရွတ်ပျောက်လိမ်းဆေးကို "Newborn" ဟုအမည်ပေးပြီး လုံးဝပျက်စီးနေသောအမာရွတ်များကို မပျောက်စေသော်လည်း သုံးလအတွင်း အမာရွတ်များကို သိသိသာသာလျော့ပါးသွားစေပြီး လေဆာမပစ်ဘဲတောင် ဖုံးကွယ်ထား၍ရသည်။ဘယ်အသားအရည်မဆို ဘေးထွက်ဆိုကျိုးမရှိ၍ လူများစွာ၏ကြိုဆိုလက်ခံခြင်း ခံကြရသည်။အထူးသဖြင့် ခြောက်ပစ်ကင်းသဲလဲစင်အသားအရေလိုချင်သည့် အမျိုးသမီးများအတွက်ပေါ့။

ယနေ့တွင် နယ်ပယ်ကျယ်ပြန့်သည့် စီးပွားရေးဧည့်ခံပွဲသို့ လူများစွာသည် ဟွမ်ယွမ်ဆေးဝါးကုမ္ပဏီသို့ ရောက်လာကြသည်။လုပ်ငန်းရှင်အသစ်များသာမက ဟွမ်ယွမ်ဆေးဝါးကုမ္ပဏီတံဆိပ်တွင် ရှာဖွေလိုသူများပါ ရောက်ရှိကြသည်။စည်းဝိုင်းအခရာအတွင်း ဝင်ရောက်ရန်၊ သူတို့၏ဆေးဝါးဆိုင်ရာ သုတေသနတွေ့ရှိချက်များဖော်ထုတ်ရန် တိတ်တဆိတ် တွက်ချက်နေကြသည်။ပြီးတော့... လင်းစီယကိုရောပေါ့။

လင်းစီယ၏အလုပ်စွမ်းရည်သည် သံသယထားစရာမလိုအောင် ထူးချွန်လှသည်။အစက သူမသည် ဂုရန်ကို အပြစ်ပြုမိပြီး လင်းမိသားစုမှ ကန်ထုတ်ခံလိုက်ရသည်။သူမက ပြောင်းပြန်သန္တာလှည့်ပစ်မည်ဟု မည်သူမှမထင်မိခဲ့ပေ။ဤအမျိုးသမီးငယ်လေးသည် သူမ၏အသက်နှစ်ဆယ်တွင် သူတို့ရှေ့မှောက် ကျွမ်းကျင်သောလုပ်နိုင်စွမ်းများဖြင့် သုံးနှစ်အကြာတွင် ပြန်ပေါ်ထွက်လာမည်ဟု မတွေးထင်ခဲ့ကြပေ။

မှိန်ဖျော့ကာ နည်းနည်းပိုတည်ကြည်ပြီး အရမ်းယုံကြည်ချက်ရှိကာ လှပသောအမျိုးသမီးငယ်လေးဖြစ်နေဆဲပင်။

ဟွမ်ယွမ်ဆေးဝါး၏စွမ်းပကားကြောင့် ဂုမိသားစုကို သူမထပ်ပြီးကြောက်ရွံ့နေစရာမလိုတော့ပေ။သူတို့သည် ဟွမ်ယွမ်ကို ပစ်မှတ်ထားချင်ကြသည်။သို့သော်လည်း ဟွမ်ယွမ်က ဤ "newborn" သုတေသနအောင်မြင်မှုကို နိုင်ငံသို့  အခမဲ့လှူဒါန်းလိမ့်မည်ဟု သူတို့ မထင်ထားကြပေ။

ဗီလိန်မလေးကို အလိုလိုက်ထားမယ် {GL} [Translation]Hikayelerin yaşadığı yer. Şimdi keşfedin