Final Chapter

2.8K 223 1
                                    

ရုတ်တရက်စိတ်တို့မှာ ချောက်နက်ထဲကျသွားသလို ခံစားချက်တို့ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ညီညာသောမြေပြင်ပေါ်သို့ ကျရောက်သွားလေသည့် ခံစားချက်တို့ကိုပါ ဒန်ဒယ်ခံစားရသည်။

ခန္ဓာကိုယ်တစ်ခုလုံးမှာ လေဟာနယ်တစ်ခုထဲသို့ ရောက်ရှိသွားသလိုမျိုး ပေါ့ပါးသွားပြီး မှိတ်ထားသော မျက်ခွံတို့မှာလည်း ပေါ့ပါးနေသောကြောင့် ဖြည်းဖြည်းချင်းဖွင့်မိ​လေရာ ဒန်ဒယ်မှာသူ့ဘေးတွင် ဂျော့လ်စီဖာ...မဟုတ်ဘူး ရွှေမှုံကို အရင်ဘဝက ပုံစံအတိုင်းမြင်ရလေသည်။

ရွှေမှုံ......

သူအခုလက်ရှိလည် မည်သည့်ပုံမျိုး ဖြစ်နေသလဲဆိုတာ သိချင်သောကြောင့် ဒန်ဒယ်ဟာသူ၏မျက်နှာကို လက်ဖြင့် စမ်းကြည့်မိသည်။ မျက်နှာပေါ်တွင် တပ်ထားသောမျက်မှန်သည်လည်း မရှိသကဲ့သို့ ဆံပင်ရှည်လည်းမရှိ၊သာမန် ယောကျာ်းလေးပုံပင်ဖြစ်လေ၏။

ဂျော့လ်စီဖာလည်း ဒန်ဒယ်၏အရင်ဘဝပုံစံဖြစ်နေသော ဘုန်းထက်ကိုကြည့်လိုက်မိသည်။ မဟုတ်ဘူး တကယ်မှာကား ရွှေမှုံပင်။

[ဝတ္ထုတစ်ပုဒ်ကို ကိုယ်တိုင်ဝင်ရောက်သရုပ်​ဆောင်နိုင်တာကို ဂုဏ်ယူပါတယ်]

"ဘာကြီးလဲ...."

နှစ်ယောက်စလုံးဆီမှပြိုင်တူ ထွက်ပေါ်သွားခဲ့သည်။ သူတို့နှစ်ယောက်၏စိတ်ထဲမှာကား ဘာကိုဘယ်လိုသရုပ်ဆောင်တာလဲဟု တွေးနေခြင်းပါ။

[ရှင်တို့အရင်က ဝတ္ထုအစကိုရောက်သွားပြီး အဆုံးထိပြီးသွားလို့ ဒီကိုပြန်ရောက်လာတာပါ... အဲ့အတွက် လက်ဆောင်တစ်ခုအနေနဲ့ အလိုရှိရာတစ်ခုကိုတောင်းဆိုပါ]

"မဟုတ်မှ ငါတို့က ဟိုဘဝမှာပြီးဆုံးသွားပြီလား"

ဘုန်းထက်ကမေးလိုက်သည်။ သူ၏အသံတို့မှာကား အနည်းငယ်တုန်ရီနေသယောင်။

[မှန်ပါတယ် ]

ထိုစကားကိုကြားလိုက်ရသည့်အခါ ဘုန်းထက်က ဒူးထောက်ကျသွားသလို ရွှေမှုံကလည်းနောက်က်ို ယိုင်ကျမလိုဖြစ်သွားသည်။ ထိုအချိန်တွင် ရွှေမှုံကတစ်ခုသတိရသွားသည်။

"ဆုလာဒ်က ဘာတောင်းဆိုဆိုရတယ် မှတ်လား...အဲဒါဆိုငါတို့်ကို ဝတ္ထုထဲပဲပြန်ပို့ပေးပါ"

The Reincarnation to the Novel[complete]Where stories live. Discover now