Chapter 3

5.7K 456 3
                                    

>Unicode<

ဒန်ဒယ်အရင်ဘဝက ဖတ်ခဲ့ဖူးတဲ့novelတွေ Ficတွေထဲမှာ ဒီလိုမျိုးဇာတ်လိုက် (ဒါမှမဟုတ်)ဇာတ်ဆောင်တွေဖြစ်ရင် အနည်းဆုံးတော့ ရုပ်ချောသည့် နေရာရလေသည်။ ယောကျာ်းလေးဆိုရင်တောင် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်နေရာကဖြစ်လေသည်။ ဒါပေမယ့်သူမှ ဘာလို့လဲ။

မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့...
ငါ့ရုပ်လေး.....ပြန်ပေး!!

မျက်ရည်တောင်မထွက်နိုင်တော့ စိတ်ထဲ၌သာ ငိုကြွေးရုံသာတတ်နိုင်သည်။ တကယ်ပဲ ဒါကြီးက အရမ်းလွန်သည်ဟု ဒန်ဒယ်ထင်လေသည်။ သူအခုလူမုန်းအများဆုံးနေရာကို ရောက်နေသည့်အပြင် ရုပ်ကလည်း အရူးမှအဖေခေါ်ရသည်အထိ ဖြစ်နေသည့်အတွက် သူအခုဘယ်လိုများနေရမှာလဲ။

”မိန်းကလေးဂျော့(လ်)စီဖာက နောက်တစ်နာရီနေရင် ရောက်မှာပါ ဒါကြောင့်ပြင်ဆင်ထားပါ”

အစေခံမလေးတစ်ယောက်က သတိပေးလိုက်သည်။ ဒန်ဒယ်ဟာငိုမဲ့မဲ့ဖြင့် မှန်ကိုချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ငိုနေယုံနှင့်တော့ ဘာမှမထူးလေဘူး အနည်းဆုံးတော့ မိန်းကလေးတွေ သဘောကျအောင်နေရမည်။

”ရေချိုးမယ် ဘယ်မှာလဲရေချိုးဆောင်”

ဆံပင်တွေ ဘာတွေဖယ်ထား ရုပ်ဆိုးတာတွေ အသာထား သူအခုချွေးနံ့တွေအတော်ပင် နံ့နေလောက်ပြီ။

”ဟိုနားက အခန်းပါ”

ဒီအတိုင်းသာ အခန်းရှိရာကို ညွှန်ပြလိုက်ပြီး အစေခံမလေးတွေက လိုက်မပို့ပေးပါလေ။ ဒန်ဒယ်လည်း ဒီအတိုင်းသာ ညွှန်ပြလိုက်သည့် အခန်းကိုဝင်သွားပေမယ့် အစေခံမလေးတွေက နည်းနည်းတောင် မလှုပ်ပေ။ မပို့တာလည်း ကောင်းပေသည် မဟုတ်လျှင် ဒန်ဒယ်တစ်ယောက် အနေရခက်နေမည်။

အခန်းထဲကို ဝင်ဝင်လာခြင်း ကြမ်းပြင်တွင် ခင်းထားသော ကျောက်ပြားက အရောင်လက်နေသည်မှာ ရွှန်းလက်နေသော ပယင်းစွဲကျောက်တစ်ခုနှယ် မနင်းရက်စရာပင်။

ဝတ်ထားသော မိန်းကလေးလို အပွင့်အဖတ်တွေနှင့် ဝတ်စုံကြယ်သီးကို ဖြုတ်လိုက်ပြီး သားရေကြိုးဖြင့်ဘောင်းဘီကိုပါ အောက်ထိ ချွတ်ချလိုက်မိသည်။ ဝင်းဝါနေသော အသားအရေဟာ ဖယောင်းရုပ်လေးတစ်ခုနှယ်။ ဒန်ဒယ်သူကိုယ်သူ သေချာကြည့်လိုက်မှ ဆံပင်ကောက်ကောက်နှင့် ကပ္ပလီမအရုပ်က အသားဖြူထားပြီး ယောကျာ်းလေးပုံ ပြောင်းထားသည့်ရုပ်နှင့် တူလေသည်ကို သိရတော့ ရင်နာနာဖြင့်ရယ်မိလိုက်သေးသည်။

The Reincarnation to the Novel[complete]Where stories live. Discover now