Chapter 18

6K 346 18
                                    

>Unicode<

       အိပ်ခန်းထဲရောက်တော့ ဂျေးဒီအန်လည်း ကုလားထိုင်ထက်တွင် ဒန်ဒယ်အားထိုင်စေခဲ့ပြီး ဂျေးဒီအန်မှာတော့ ဒန်ဒယ်ဘေးကထိုင်လိုက်ကာ သွေးထွက်နေသည့် ဒန်ဒယ်လက်လေးကို ဆွဲယူလိုက်သည်။ သွေးကတော့ တိတ်သွားလေပြီ။

”အရင်ဆုံး...လက်သွားဆေးလိုက်ပါ”

အိပ်ခန်းထဲတွင် အခန်းကျဉ်းကျဉ်းလေး တစ်ခုရှိလေသည်။ ဂျေးဒီအန်ဟာ ထိုအခန်းဆီ မေးငေါ့ပြလိုက်သည်။ ထိုအခန်းဟာ ဂျေးဒီအန်အတွက် သီးသန့်ရေချိုးခန်းတစ်ခုပါလေ။

”ကောင်းပါပြီ”

ဂျေးဒီအန်ဆီမှ လက်ကိုပြန်ရုတ်သိမ်းလိုက်ပြီး ဒန်ဒယ်က ဆိုလေသည်။ ပြီးတော့မှ ကုလားထိုင်ပေါ်မှထကာ ဂျေးဒီအန်ပြောသည့်နေရာဆီ သွားလိုက်သည်။ အခန်းတံခါးဘုကို ဖွင့်ဖို့လက်လှမ်းနေတုန်းမှာပင် ဂျေးဒီအန်က အနားကိုကပ်လာပြီး လှမ်းထားသည့် ဒန်ဒယ်၏လက်ပေါ်မှ ဖွဖွလေးတင်လိုက်သည်။

ရုတ်တရက်အနားရောက်လာသည့် ဂျေးဒီအန်ကြောင့် ဒန်ဒယ်ဘာများဖြစ်လို့လဲဆိုပြီး ဂျေးဒီအန်ကို သမင်လည်ပြန်လှည့်ကြည့်မိတော့ ဂျေးဒီအန်မျက်လုံးနှင့် အကြည့်ချင်းဆုံသွားပြန်သည်။ သို့ပေမယ့်လည်း ခဏပါပဲ။ ဒန်ဒယ်ကပင် ခေါင်းကိုပြန်လှည့်လိုက်ပြီး အကြည့်လွှဲမိသည်။
           
ဂျေးဒီအန်က ဆက်မစတော့ဘဲ ဒန်ဒယ်၏လက်ကို လွှတ်ပေးလိုက်ပြီး ဂျေးဒီအန်ကိုယ်တိုင်ပင် ဒန်ဒယ်ကို တံခါးဖွင့်ပေးလိုက်သည်။ တံခါးဖွင့်ပေးပြီးနောက် အနောက်ကတွန်းသည်ဆိုရုံလေး တွန်းလိုက်ကာ အခန်းထဲသို့ဝင်စေပြီး တံခါးကိုစ်ိလိုက်သည်။ မျက်နှာထက်တွင်တော့ အပြုံးတို့ကမပျက်။

”အရှင်ဂျေးဒီအန်...ကျွန်တော် တောင်းထားတာတွေ ယူလာခဲ့ပါပြီ”

အိမ်တော်ထိန်းက အခန်းထဲမဝင်ရသေးဘဲ အပြင်မှာတင် ပြောလိုက်သည်။

”အရင်ဝင်လာပါ”

ွှ”ကောင်းပါပြီ”

အထဲသို့မဆင်မခြင်ဝင်လိုက်ပါက မမြင်သင့်တာတွေ မြင်မည်ကို စိုးရိမ်နေသယောင်။ ဒါကြောင့် အ်ိမ်တော်ထိန်းမှာ မဝင်ခင်အရင် အကြောင်းကြားခြင်းပါ။ ဂျေးဒီအန်ဝင်ခွင့်ပေးတော့မှ အိမ်တော်ထိန်းလည်း စိတ်အေးလက်အေးဖြင့် ဝင်လ်ိုက်သည်။

The Reincarnation to the Novel[complete]Where stories live. Discover now