Ep 8 Uni &Zawgyi

25 4 0
                                    

📱📲📲တီ တီ တီ

"ကျစ်....

အိပ်ရေးပျက်ရတဲ့ကြားထဲ ဘယ်သူလာဆက်ပြန်တာလဲကွာတော်တော်စိတ်ကုန်ဖို့ ကောင်းတယ်"

ညက Clubမှာအသေသောက်ပြီးကဲလာလို့ အတော်ပင်ပမ်းနေရတဲ့ကြားထဲ ထမြည်လာတဲ့ဖုန်းကြောင့် သွေးသစ်မာန်တယောက် ဒေါသထွက်သွားမိသည် သွေးသစ်မာန်ဆိုတာ အိပ်နေတဲ့အချိန်နှောင့်ယှက်ခံရရင် အတော်စိတ်တိုတတ်သူ အခြားနေရာမှာစိတ်ရှည်သဘောကောင်းပေမယ့် အိပ်တဲ့အချိန်တော့မပါ.....

"ဘယ်သူလဲ ငါအိပ်နေတာနှောင့်ယှက်ခံရတာလောက်မုန်းတာမရှိဘူးဆိုတာမသိဘူးလား"

". ......"

"ဟာ ဖုန်းဆက်ပြီး ပါးစပ်ကလေဖြတ်နေတာလား မေးရင်ပြန်ဖြေလေ"

လူကစိတ်တော်တော်ပေါက်လာပြီးနော် အိပ်လို့မဝတဲ့ကြားထဲ ဘယ်လိုအူတူတူတွေနဲ့လာတွေ့နေမှန်းကိုမသိဘူး

"ဟို ကိုကို ပန်းပါ"

"ဘာကိစ္စလဲ ဒီအချိန်ကြီးဖုန်းဆက်တာ"

"ကိုကိုဒီနေ့ နေ့လယ်​လောက်အားလား သိချင်လို့ပါ"

"နေ့လည်လား အားတယ်လေ ဘာလုပ်ချင်လို့လဲ"

"ဟိုပန်း ဒီ​​နေ့ နေ့လယ်schedule မရှိဘူးဆိုတော့ shopping ထွက်ချင်လို့ ကိုကိုလိုက်ပို့ပေးပါလား"

"Okလေ တစ်ခုတော့မှာချင်တယ် နောက်ငါအိပ်တဲ့အချိန်ဘယ်တော့မှ ဖုန်းမဆက်နဲ့"

"ရှင် ဟုတ် ဟုတ်ကဲ့ ကိုကို"

တဖက်ကဖုန်းချသွားမှ သွေးသစ်မာန်စောင်ကိုဆွဲခြုံကာ ပြန်အိပ်ရန်ပြင်လိုက်သည်

သူမဘယ်သူလည်းခင်ဗျားတို့ သိချင်နေကြတယ်ဟုတ် အဲ့တာက ကျွန်တော်သွေးသစ်မာန်ရဲ့ရီးစားတွေထဲက တစ်ယောက်ပေါ့

ခင်ဗျားတို့တွေးနေမှာပေါ့ ကျွန်တော်ကအချစ်ကိုမယုံတဲ့သူမို့ ကောင်မလေးတွေထည်လဲတွဲနေတာလို့ အမှန်တော့အချစ်ကိုမယုံသလို မိန်းမတွေကိုလည်းမယုံတာပေါ့ဗျာ

မိန်းမတွေက သိပ်ကိုမာယာများကြတာလေ ချစ်တယ်ဆိုပြီးတစ်ဖက်သားကို လိမ်လည်လှည့်ဖြားတတ်ကြတာ

💞တေးသားချို💞(အချစ်ဆိုတာ S1)Where stories live. Discover now