Part 10 Uni/Zawgyi

23 2 1
                                    


တီ...တီ..တီ

"ဟယ်လို....ကိုကြီး "

"ကိုကြီး ဖိုးသားကိုအကူအညီတောင်းစရာလေးရှိလို့"

"ဟုတ် ကိုကြီး... သားဘာကူညီပေးရမလဲဗျ"

" ဖိုးသားဆီကို ​ကိုကြီးဆွဲထားတဲ့ပုံတစ်ပုံပို့ပေးမယ် အဲ့ပုံထဲကလူ ဘယ်သူဆိုတာ ဖိုးသားစုံစမ်းပေးပါလား"

"ဟုတ်ကိုကြီး ပုံသာပို့ထားပေးပါဗျ"

"Ok ဖိုးသား ကျေးဇူးဘဲကွာ"

"ရပါတယ် ကိုကြီးရ ကိုကြီးသာကျန်းမာရေးဂရုစိုက်ဦးနော် သားလည်းအလုပ်သွားတော့မှာမို့ဖုန်းချလိုက်တော့မယ် ညမှဆက်ပြောကျတာပေါ့ဗျ"

"Ok ဖိုးသား"

သားတစ်ယောက်ဖုန်းချပြီးတာနှင့် နာရီကိုကြည့်တော့ ခုနစ်နာရီခွဲ တိတိ....ရုံးကရှစ်နာရီခွဲတတ်ရမှာဆိုတော့မှီလောက်မှာပါလေ...ကိုကြီးကလည်း ထူးထူးဆန်းဆန်းဖုန်းတွေဆက်ပြီးအကူအညီတောင်းနေတာ တစ်ခုခုအရေးကြီးလို့များလား အဆင်ရောပြေရဲ့လားမသိ ညရောက်မှ ဖုန်းပြောရင်းသေချာမေးရမယ်... အခုတော့breakfastစားဖို့ အောက်ဆင်းရမယ်...

"ပါးနဲ့မား morning မွ..မွ"

"အသည်းလေး နိုးပြီလား စောသေးတာကို"

"ဟုတ်ကဲ့ ပါးပါး သားကအလုပ်ချိန်နောက်မကျချင်လို့ပါဗျ"

"ကောင်းတယ်အသည်းလေး လုပ်ငန်းတစ်ခုလုပ်ရင် အချိန်လေးစားမှုရှိမှအောင်မြင်တာ ပါးသားလေးကဒီလိုအလိမ္မာတုံးလေးမို့ ပါးကမျက်နှာကြီးတော့မှာဘဲ"

"ဟိ ဟိ ပါးကတော့မြှောက်ပြန်ပြီး"

"ကဲကဲ သားဖတွေစကားကောင်းမနေကြနဲ့တော့ အစားကိုလည်းစားကြဦး အလုပ်သွားရဦးမှာမလား"

"ဟုတ်ကဲ့ပါဗျ"

မားရဲ့အပြောမှာ သားဖနှစ်ယောက်လုံး စကားပြောနေရင်းမှ မနက်စာ စားဖြစ်ကြသည်...ပါးနဲ့မားက သားဘဝရဲ့မရှိမဖြစ် ဗီတာမင်တွေဘဲ... ပါးကတော့သားဘဝရဲ့စံပြပုဂ္ဂိုလ်ဆိုလည်းဟုတ်တယ် အလုပ်လုပ်ရင်အချိန်တိကျသလိုစေ့စပ်သေချာတတ်တာမို့ အောင်မြင်မှုများစွာလည်းရထားတာလေ...သားဘဝရဲ.နောက်ထပ် idolကတော့ ကိုကို...ဘာကြောင့်လဲဆိုတာတော့ မပြောပြဘူး😁😁

💞တေးသားချို💞(အချစ်ဆိုတာ S1)Место, где живут истории. Откройте их для себя