Love And Twists Chapter(1)

2.3K 103 0
                                    

"Jaemin ah"

အနောက်ကနေအသံအကျယ်ကြီးနဲ့လှမ်းခေါ်တဲ့အတွက်လှည့်ကြည့်လိုက်တော့ မျက်လုံးလေးနှစ်လုံးမှိတ်မတတ်ပြုံးရင်းသူ့ဆီပြေးလာနေတဲ့Jeno...

"Jeno ahဖြည်းဖြည်းခေါ်ပါကွာ။ဘာတွေအရေးကြီးလာလို့လဲ"

"ဟီးဟီး"

Jaeminအမေးကိုဘာမှပြန်မဖြေဘဲJenoကပြုံးသာပြုံးပြနေသည်။

"အင်း...သေချာပါပြီ Lee Jenoတို့လိုတာတစ်ခုခုရှိနေတာ။အဲ့တာကြောင့်လဲ Na Jaeminကိုမျက်နှာချိုသွေးနေတာမလား"

JaeminဘေးကRenjunကအထာပေါက်နေသည့်သဘောဖြင့်ပြောလိုက်သည်။

"အမလေး shoulder gangstarကြီးကတော်ချက်ပဲဘယ်လိုသိတာတုန်း"

Jenoရဲ့ရယ်ကျဲကျဲနဲ့စလိုက်တာ
ကြောင့်Renjunတရှူးရှူးတရှဲရှဲစိတ်တိုတော့သည်။Jaeminကတော့သူတို့ကိုကြည့်ရင်းသာပြုံးနေမိသည်။

Renjunလေးကသူတို့အဖွဲ့ထဲမှာစိတ်တိုအလွယ်ဆုံး။ဒါပေမယ့်လည်းသူကစိတ်ရင်းကောင်းပြီးအားလုံးကိုဂရုတစိုက်နဲ့လိုအပ်တဲ့အခါတိုင်းအကြံကောင်းတွေပေးလေ့ရှိတဲ့ကောင်လေး။Jaeminနဲ့Jenoကတော့မူလတန်းထဲကပေါင်းခဲ့ကြတဲ့သူတွေဆိုတော့အားလုံးထဲမှာသူတို့နှစ်ယောက်ကအရင်းနှီးဆုံးပေါ့။အော် တစ်ယောက်ကျန်သေးတယ် Renjunရဲ့မဟာသတ်ဖော်သတ်ဖက် Lee Haechan။Haechanကသူတို့အဖွဲ့မှာmoodmakerလေး။ဘယ်လောက်ပဲစိတ်ညစ်နေရင်တောင်Haechanကသူတို့ကိုရယ်အောင်လုပ်နိုင်သည်။တခါတလေ အရိပ်အကဲမသိတာလေးကလွဲရင်ပေါ့။
ပြောရင်းဆိုရင်းပင်Haechanရောက်လာပါတော့သည်။

"ကျောင်းထဲမဝင်ပဲမင်းတို့ကလမ်းပေါ်မှာရပ်ပြီးဘာလုပ်နေတာတုန်း"

"ငါတို့ကိုပြောမနေနဲ့မင်းကရော ကျောင်းထဲဝင်မှာမို့လို့လား အမြဲလေလွင့်နေတဲ့ကောင်ကများ"
Haechanကိုမြင်တာနဲ့ဖဲ့တော့တဲ့RenjunကိုHaechanလည်းပြန်ပြီးရန်တွေ့တော့သည်။

"နေပါဦး နေကြပါဦး ငါအခုထိJenoဘာပြောမလဲသိရသေးဘူး "

Jaeminဝင်အော်တော့မှနှစ်ယောက်သားငြိမ်ကျသွားတော့သည်။

"Jaemin ah ငါဒီညမင်းအိမ်လာအိပ်မလို့"
"ဟော မင်းလာအိပ်တာဘာထူးဆန်းလို့လဲ အမြဲလာအိပ်နေကျလေ ငါ့အိမ်တောင်မင်းအိမ်လိုဖြစ်နေတာကို"

Love And Twists (Completed)Where stories live. Discover now