Love And Twists Chapter (10)

707 77 3
                                    

"Nana ရေ sandwich မရသေးဘူးလား
ဗိုက်ဆာနေပါပြီဆို"

မနက်မိုးလင်းလင်းချင်းအထုတ်အပိုးနဲ့ရောက်ချလာပြီးစားဖို့တရစပ်ပူဆာနေတဲ့JenoကိုJaeminစိတ်မရှည်တော့။အခုလည်းဧည့်ခန်းကနေ ဂိမ်းဆော့ရင်းအသားကုန်အော်နေသည်လေ။

"မရသေးဘူးကွာ မစောင့်နိုင်ရင် မှာစားတော့"

လေသံလေးမာလာတဲ့အတွက် ဘဲကြောက်ကြီးLee Jenoမှာ

"အော် ဟုတ်လား ရတယ် ရတယ်Nana အေးဆေး နော် နေ့လည်မှစားရလည်းဖြစ်တယ်။"

ခုနဘဲဗိုက်ဆာတယ်ပြောပြီးအခုတော့သူစိတ်ဆိုးမှာကြောက်လို့အဖျားရှူးသွားတဲ့JenoကိုJaeminရယ်မိသည်။

"ကဲ ရပါပြီဗျာ"

Jenoဘယ်လောက်ဗိုက်ဆာနေလဲဆိုJaeminယူလာပေးတာနဲ့ဆော့နေတဲ့Gameတောင်ရပ်ပြီးအားရပါးရစတော့တာပဲ။

"စားလို့ကောင်းရဲ့လား"

"ကောင်းတာပေါ့ Nanaရယ် မင်းလက်လေးတွေနဲ့သေချာလုပ်ထားတာမကောင်းဘဲနေမလားကလေးလေးရဲ့"

Jenoရဲ့ကလေးလေးလို့ခေါ်တဲ့အသံကြောင့်Jaeminမှာကြက်သီးဖျင်းဖျင်းထသည်အထိပဲ။

"Lee Jeno နောက်တစ်ခါငါ့ကိုကလေးလေးလို့ခေါ်ရင်မင်းကိုအိမ်ပေါ်ကကန်ချပြီပဲ"

သူစတာကြောင့်စိတ်တိုနေတဲ့ဟာလေးကိုကြည့်ပြီးJenoပြုံးမိသည်။မျက်နှာလေးကိုအသေးစိတ်ငေးကြည့်နေမိသည်။မနက်ထဲကမနက်စာပြင်ဟိုလုပ်ဒီလုပ်လုပ်နေရတဲ့အတွက်မျက်နှာလေးမှာချွေးစို့နေသည်။ခပ်အိုက်အိုက်ဖြစ်နေတဲ့အတွက်မျက်နှာလေးကိုလက်နဲ့ယပ်ခတ်နေတဲ့အချိန်လေးမှာတောင်လှလိုက်တဲ့ကလေးလေးရယ်။

"Nana ဒီနားလေးတိုး"

Jaeminကိုယ်လုံးသွယ်သွယ်လေးကိုအတင်းဖက်လိုက်ပြီးပါးလေးနှစ်ဖက်ကိုပါနမ်းပစ်လိုက်သည်။

"ဘာထဖြစ်တာလဲဟင်"

Jaeminမှာမျက်လုံးအဝိုင်းသားလေးနဲ့ကြောင်​တောင်တောင်လေးနဲ့မေးတော့မှဟိုကပိုအသည်းယားပြီးနှုတ်ခမ်းလေးကိုနမ်းမယ်အလုပ်မှာ

"အမလေးဧည့်ခန်းမှာလည်းမရှောင်ကြတော့ပါလားဟ"

ကောင်းခန်းရောက်မှကြော်ငြာလာဝင်တဲ့အသံကိုကြားလိုက်လို့လှည့်ကြည့်လိုက်တဲ့အချိန်မှာစားစရာတွေလက်နှစ်ဖက်အပြည့်ယူလာတဲ့Haechanနဲ့Renjun။

Love And Twists (Completed)Where stories live. Discover now