Love And Twists Chapter(21)

634 83 4
                                    

projectကြောင့်အလုပ်ရှုပ်တာရောဒီနေ့လူနာကြည့်ရတာပါများတာရောကြောင့်ပင်ပန်းနွမ်းနယ်လာလို့သူတစ်ယောက်ထဲဆေးရုံအပြင်ကိုထွက်လာခဲ့သည်။
ထိုင်ခုံတန်းလေးတစ်ခုမှာထိုင်နေရင်းဆေးရုံကိုအဝင်အထွက်လုပ်နေတဲ့သူတွေကိုကြည့်နေမိသည်။

အနက်ရောင်ကိုယ်ပိုင်ကားတစ်စီးကနေဆင်းလာတဲ့ထိုအမျိုးသား။လက်ထဲမှာလည်းသောက်စရာအချို့ကိုကိုင်ထားပြီးဆေးရုံထဲသို့ဝင်သွားသည်။သေချာပေါက်Jenoပါပဲ။

သူတောက်လျှောက်ငေးကြည့်နေမိသည်။အဝေးကနေလှမ်းကြည့်နေရတာမှန်ပေမယ့်ခိုးကြည့်ရတာထက်တော့သာသေးသည်လေ။
ထိုအမျိုးသားမြင်ကွင်းထဲကပျောက်ကွယ်သွားတော့အတိတ်ကသူနဲ့အတူပျော်ခဲ့တဲ့ပုံရိပ်တွေကသူ့အတွေးထဲအတင်းတိုးဝင်လာသည်။
အတွေးလေး၊စိတ်ကူးလေးအဖြစ်အနေနဲ့ပဲဖြစ်ဖြစ်ခဏလေးကြည်နူးချင်မိပေမယ့်ခေါင်းဆတ်ဆတ်ခါရင်းဖျောက်ဖြတ်ပစ်လိုက်ရသည်။ခဏလေးကြည်နူးမိလို့ဆက်တိုက်တောင့်တနေမိရင်အဆုံးမှာသူပဲနာကျင်ရမှာမဟုတ်လား။

.......

"Nayoung...ကျနော်ဝင်လာမယ်နော်"

"လာလေ...Jaeminရဲ့ ခွင့်တောင်းစရာမှမလိုတာ"

Jenoရှိနေတဲ့အတွက်သူဒီအခန်းထဲကိုပြန်မဝင်ချင်ပါ။ဒါပေမယ့်အလုပ်တွေရှိသေးတာကြောင့်သူအားတင်းပြီးဝင်လာခဲ့ရသည်။

အခုJenoနဲ့Nayoungကဧည့်ခုံမှာထိုင်နေကြပြီး Jaeminကခပ်လှမ်းလှမ်းအလုပ်စားပွဲမှာထိုင်အလုပ်လုပ်နေသည်။

"Nayoungကလည်းကွာ မောင်ဝယ်လာပေးတဲ့အမေရိကာနိုလေးသောက်ပါဦးဆို"

"မောင်ကလည်းကွယ်
ဘာလို့အမေရိကာနိုတစ်ခွက်နဲ့လတ်တေးတစ်ခွက်ပဲဝယ်လာတာလဲ Jaeminတို့လည်းရှိတာကို
ကျွန်မမသောက်တော့ဘူး Jaeminကိုပဲတိုက်တော့မယ်...
Jaemin...အမေရိကာနိုနဲ့လတ်တေးဘယ်ဟာသောက်မလဲဟင်"

"အာ...ကျေးဇူးပါNayoung
ကျနော်မသောက်တော့ပါဘူး"

သူ့အတွက်မဟုတ်တဲ့ကော်ဖီတစ်ခွက်ကိုသူမသောက်ချင်ပါ။

"Jaeminကြည့်ရတာနွမ်းနေတာကို အားမနာပါနဲ့
တစ်ခွက်ဖြစ်ဖြစ်သောက်လိုက်ပါ...ရော့"

Love And Twists (Completed)Donde viven las historias. Descúbrelo ahora