Love And Twists Chapter (20)

601 76 16
                                    

"အန်ကယ် ကျနော်ရောက်ပါပြီ"

"အော်...အေးအေး Jaemin
ထိုင်ပါဦး"

"ဘာပြောမလို့လဲ မသိဘူးဗျ"

"Jaemin...ဒီရက်ပိုင်းအန်ကယ့်သားနဲ့တွေ့ဖြစ်လား"

"မတွေ့ဖြစ်ဘူးအန်ကယ်...ဒါပေ..."

"အန်ကယ်ကြားတာတော့မင်းကသူဌေးကြီးတစ်ယောက်ရဲ့မြေးနဲ့လက်ထပ်တော့မယ်ဆိုလား..."

"အာ...အဲ့ကိစ္စကကျနော်ဖြေရှင်းပြီးပါပြီ
ကျနော့်မှာJenoပဲရှိပါတယ် အန်ကယ်"

Jaeminကထိုစကားပြောလိုက်တော့Mr.LeeကJaeminကိုစူးစိုက်ကြည့်နေသည်။

"ဒါနဲ့...အန်ကယ်ဆေးရုံတက်ရသေးတယ်ဆိုတာသိလား"

"တကယ်လားအန်ကယ်...hyungပြောတာကြားမိပေမယ့်Jenoကလည်းဘာမှမပြောတော့"

"Jenoဒီကိစ္စကိုမသိဘူး"

"အော်...ဘာပဲဖြစ်ဖြစ်အန်ကယ်ကျန်းမာရေးကောင်းသွားလို့တော်ပါသေးတယ်"

"အန်ကယ်ဘာကြောင့်ဆေးရုံတက်ရလဲမသိချင်တော့ဘူးလား"

"ဗျာ?"

"Jaemin သေချာပေါက်သိရမယ်ထင်တယ်နော်"

"...."

Mr.Leeရဲ့အကြည့်စူးစူးတွေနဲ့ပြောလာတဲ့စကားကြောင့်Jaeminရုတ်တရက်နေရခက်လာသည်။

"ဒီပုံထဲကသူတွေကိုသိလား"

စားပွဲကနေတဆင့်သူ့ဘက်ကိုတွန်းပေးလာတဲ့ဓာတ်ပုံကိုJaeminယူကြည့်လိုက်သည်။

သိသည်။ပုံထဲကသူတွေကိုသိသည်။ဒါပေမယ့်ပါးစပ်ကနေထုတ်ပြောချင်တဲ့သူတွေမဟုတ်။

"အဲ့ဒါ...Jaeminရဲ့ အဒေါ်နဲ့သူ့ယောကျ်ားမဟုတ်လား"

ဓာတ်ပုံတွေကြည့်ပြီးတိတ်သွားတဲ့သူ့ကိုMr.Leeဘက်ကပဲစကားစလိုက်သည်။

"ဟုတ်ပါတယ်... အန်ကယ်
သွေးသားအရပဲတော်စပ်ရုံကလွဲရင်ကျနော်တို့ကဘာမှမဆိုင်ဘူး"

"ဘာပဲဖြစ်ဖြစ် မင်းအဒေါ်ပဲမဟုတ်လား"

Mr.Leeကဒီဓာတ်ပုံပြရတာနဲ့ဒီလိုပြောရတာတွေဟာဘာကိုရည်ရွယ်ချင်မှန်းသူမသိတော့။

"အန်ကယ်ဆေးရုံတက်ရတယ်ဆိုတာ ပုံမှန်နေမကောင်းလို့မဟုတ်ဘဲ လူတစ်ချို့ရဲ့လုပ်ကြံမှုကြောင့်ပဲ Jaemin"

Love And Twists (Completed)Donde viven las historias. Descúbrelo ahora