10(U)

360 28 0
                                    

၂၀၀၆ခုနှစ်
ဝမ်အိမ်တော်
.
.
.
.
.
.

ယွဲ့လီလီတစ်ယောက် ဝမ်ဘိုးဘိုး၏မှာကြားချက်ကြောင့် မီးဖိုခန်းထဲတွင် ဟင်းများအချိန်မီကျက်အောင်ကောင်မလေးများကိုစီမံကွပ်ကဲနေသည်။

........................................................................

ဝမ်ရှောင်အိမ်တော်
.
.
.

ရှောင်းကျန့် ရေချိုးပြီးနောက် မားမားဝယ်ပေးထားတဲ့ အဖြူရောင်ကုဒ်အကျီ
နှင့် အဖြူရောင်ဘောင်းဘီရှည် အသစ်လေးကို ဝတ်ဆင်ပြီး မှန်ထဲတွင် သေချာကြည့်လိုက်သည်။

အဖြူရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားတဲ့....
ဆယ့်နှစ်နှစ်အရွယ်ကောင်လေးက နတ်သားလေးလိုမျိုးဖြူစင်ကာ ချောမောနေသည်။

ရှောင်းကျန့်ပြင်ဆင်ပြီးသွားပြီမို့ ပါးနဲ့မားအခန်းဆီသွားကာ......

"မား....သားကြည့်ကောင်းလား....."

"ကြည့်စမ်း.....မားတို့သားက ချောလိုက်တာ......."

ရှောင်မား အလှပြင်နေရင်းကနေ သားဖြစ်သူကို မှန်ထဲကကြည့်၍ပြောလိုက်သည်။

"မား....သားဝမ်အိမ်တော်ဘက် အရင်သွားနှင့်မယ်....သား ရိပေါ်ဆီသွားပြီး သူ့ကိုအားပေးစကားပြောချင်တယ်..."

ရှောင်းကျန့်စကားအဆုံးမှာတော့ ရှောင်မားက မျက်နှာကိုအလှပြင်နေရာကနေ ထလာပြီးမတ်တပ်ရပ်နေသော ရှောင်းကျန့်ရှေ့တွင် ရပ်လိုက်ပြီး ရှောင်းကျန့်ကိုဖက်လိုက်ကာ......

"မားရဲ့သားက လူကြီးတောင်ဖြစ်နေပြီပဲ
သားပြောတာမှန်တယ် ပြိုင်ပွဲမှာ တစ်ယောက်နဲ့တစ်ယောက် အလျှော့မပေးဘဲ ပြိုင်ရတယ်ဆိုပေမဲ့ အပြင်မှာပါပြိုင်စရာမလိုဘူး...
ပြီးတော့ ပြိုင်ပွဲမှာကိုယ်နိုင်သွားတယ်ဆိုပြီး
တစ်ဖက်လူအပေါ်ကို အထင်သေးပြီး ကိုယ့်ကိုယ်ကိုမာန်မတက်ရဘူး ဟုတ်ပြီလား....."

"မားပြောသမျှကို သားမှတ်ထားပါ့မယ်....."

"အေးပါသား....ရိပေါ်လေးဆီသွားမှာဆိုသွားတော့လေ မားကတော့ မင်းပါးနဲ့ပြီးမှ လိုက်လာခဲ့မယ်....."

"ဟုတ်ကဲ့ မား......."

....................................................,. .................

 I really need you(Completed)Where stories live. Discover now