26(U/Z)

335 32 0
                                    

Unicode

ရှောင်းကျန့်ကားပေါ်ကဆင်းသွားပြီး ဝမ်အိမ်တော်ထဲဝင်သွားတာသေချာတော့မှ
ရိပေါ်လည်း အိတ်ကပ်ထဲက ဘောပင်ကိုထုတ်ကြည့်လိုက်သည်။

ဘောပင်ထိပ်ကိုနှိပ်ကြည့်လိုက်တော့ စကားသံတစ်ချို့က အပြင်ကိုထွက်လာသည်။
အသံသွင်းထားသောဘောပင်ထဲက စကားသံတွေအားလုံးကို နားထောင်ပြီးသည့်အခါမှာတော့. ..ရိပေါ်လည်းကားကိုစက်နှိုးလိုက်ပြီး တစ်နေရာဆီသို့ ထွက်လာခဲ့တော့သည်။
.
.
.

ကျိုးကြေနေသောဘောပင်အပိုင်းအစအားလုံးကို မြစ်ထဲလွှင့်ပစ်လိုက်ပြီးသည့်အခါမှာတော့ ရိပေါ်တစ်ယောက် ကမ်းစပ်နားက မြက်ခင်းပေါ်ထိုင်ချလိုက်သည်။
ညရောက်ပြီမို့ ကောင်းကင်မှာကြယ်ပွင့်
တစ်ချို့က လျှပ်စစ်မီးတို့နှင့်အပြိုင် လင်းလက်နေကြသည်။
ရိပေါ် ကောင်းကင်ကိုမော့ကြည့်ရင်း သက်ပြင်းတစ်ချက်ကိုချလိုက်ပြီး....

"ဘိုးဘိုး ကျွန်တော့်လုပ်ရပ်မှန်တယ်မလား...
ပါးကဖအေကိုပြန်သတ်တဲ့လူသတ်သမားအဖြစ် သူများတွေလက်ညှိုးဝိုင်းထိုးမှာကို ဘိုးဘိုးလည်းမလိုချင်ဘူးမလား...တောင်းပန်ပါတယ်...ဘိုးဘိုးရဲ့သေဆုံးမှုကို ကျွန်တော်လျစ်လျူရှုလိုက်မိလို့...ပြီးတော့ ဦးလေး
ချီရန်ရဲ့သေဆုံးမှုကိုလည်း ဖုံးကွယ်ထားလိုက်မိလို့....ကျွန်တာ်တောင်းပန်ပါတယ်..."
.
.
ဦးလေးချီရန်၏သေဆုံးမှုအတွက် ရိပေါ်
တစ်ကယ်စိတ်မကောင်းဖြစ်ရပါသည်။
ဦးလေးချီရန်က မသိသင့်တဲ့အရာကိုသိသွားခဲ့ပြီးအဆုံးထိနှုတ်ပိတ်မနေခဲ့တာကြောင့်
ပါးရဲ့လုပ်ကြံခြင်းကိုခံခဲ့ရတာပင်။

ပါးအစား ကျွန်တော်ဦးလေးကိုတောင်းပန်ပါတယ်...။
ဦးလေးပေါ်မှာတင်နေတဲ့အကြွေးအတွက် ကျွန်တာ်ဦးလေးဖြစ်စေချင်ခဲ့တဲ့အိပ်မက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးပါ့မယ်...။

.................................................................

မနက်မိုးလင်းလို့ အိပ်ရာကနိုးလာတော့ ရှောင်းကျန့်ပထမဆုံးမြင်လိုက်ရတာက မျက်နှာလုံးလုံးလေး...။
အမြဲတမ်းရှောင်းကျန့်ထက် အိပ်ရာထပိုစောတဲ့သူက ထူးထူးခြားခြားအခုထိ မနိုးသေးဘူးပဲ.။

 I really need you(Completed)Where stories live. Discover now