First

599 62 6
                                    

(၁)

"အင်း.."

​ယောင်ရမ်းသံလို ငြီးငြူသံသဲ့သဲ့က သူ့ရဲ့  ​ခြောက်​သွေ့​နေတဲ့ လည်​ချောင်း​တွေကို ဖြတ်သန်းပြီး နှုတ်ခမ်းဝက​နေ ထွက်ကျသွားတာ ခပ်အက်အက်။ တိုးညှင်းလွန်းလို့ သူကိုယ်တိုင်ကလွဲပြီး တခြားလူ​တွေ မကြားနိုင်​လောက်တဲ့အထိ သိမ်ဝင်​နေတဲ့ အသံ။

အဆမတန်​လေးလံ​နေတဲ့ မျက်ခွံ​တွေကို ဆွဲဖွင့်ပစ်ချင်လွန်းလို့ သူ့မှာ ခန္ဓာကိုယ်တစ်ခုလုံးကို စီးဆင်း​နေတဲ့ အားအင်​တွေကို အသုံးချ​နေရတယ်။ မျက်ခွံ​တွေဟာ တုန်လှုပ်​နေသလို အငြိမ်မ​နေ။ ​ရွေ့လျား​နေ​ပေမယ့် ပွင့်မလာ။

ဒီ့အတွက် သူ့မှာ စိတ်​ဇောနဲ့ ဆန္ဒ​တွေ ဆူပွက်လာရတယ်။ ​ဒေါသတကြီး ​တောက်ခတ်ချင်​စိတ်နဲ့ သူ့လည်​ချောင်း​တွေကို လှုပ်ရှားလိုက်​ပေမယ့် ထွက်ကျလာတာက အက်ကွဲသိမ်နုပ်လွန်းတဲ့ တီးတိုးငြီးငြူသံတဲ့​လေ။

သူ့တစ်ကိုယ်လုံးကို ရုန်းကန်လှုပ်ရှား​နေ​ပေမယ့် လှုပ်ရှားမှုက သူ့ရုန်းကန်မှုရဲ့ ဆယ်ပုံပုံ တစ်ပုံ​တောင်မရှိ။ ​​လက်​​ချောင်းထိပ်​တွေရဲ့ ​သွေး​ကြော​လေး​တွေအထိ ထုံကျဥ်​နေမှုမှာ ဖွင့်မရတဲ့ သူ့မျက်ဝန်း​တွေက​နေ ​ခပ်​နွေး​နွေး မျက်ရည်​တွေက စီးကျလာ​တော့တယ်။

ဘယ်လိုမှ ဖွင့်မရတဲ့ မျက်ခွံ​တွေရယ်၊ ​အော်ဟစ်မရတဲ့ စကားသံဖြစ် အင်္ဂါ​တွေရယ်၊ ရုန်းမရပြုမရ ထုံကျဥ်​နေတဲ့ ခန္ဓာကိုယ်ရယ်.. သူ အ​မှောင်ထဲမှာ တကယ်ကို တုန်လှုပ်​နေပါပြီ။ သိပ် သိပ်ပြီး​တော့လည်း ​ကြောက်လှပါပြီ။

"Chenle... Chenle.. သတိထားမယ်​လေ! Chenle.."

​နွေး​ထွေးတဲ့ လက်တစ်စုံက သူ့လက်​တွေကို ဆုပ်ကိုင်ရင်း၊ သူ့မျက်နှာပြင်ကို ပွတ်သပ်ရင်း ​အော်​ခေါ်​နေ​ပေမယ့် သူ မရုန်းနိုင်။ ဒီနာကျင်မှု အ​မှောင်ထုထဲက မရုန်းနိုင်။

သူ့စိတ်​တွေ​ဟာ ​ခြောက်ခြားသထက် ​ခြောက်ခြားလာရင်း ဒီတုန်လှုပ်မှုအတွက် သူတုန့်ပြန်နိုင်သမျှက မျက်ရည်​တွေပဲ ဖြစ်​နေခဲ့ပါတယ်။

 𝙏𝙝𝙚 𝙁𝙞𝙛𝙩𝙝 𝙎𝙪𝙢𝙢𝙚𝙧 𝙒𝙚 𝙈𝙚𝙚𝙩【ᴀ ɴᴄᴛ's ᴄʜᴇɴᴊɪ ғᴀɴғɪᴄᴛɪᴏɴ】Where stories live. Discover now