Fourth

179 38 0
                                    

RECOMMENDED SONG FOR THIS PART IS ON MEDIA. DO LISTEN IT, READ AND ENJOY. HAVE A NICE READ.^^

ပုခုံး​ပေါ်မှာ လွတ်လပ်ခြင်း​တွေပဲ ထမ်းတင်ချင်တဲ့ အရွယ်။

(၁)

​နွေ​ကျောင်း​​တွေရဲ့ ထုံးစံအတိုင်းပါပဲ။ ဘာသာစကားအတန်း တစ်ခု၊ အားကစားအတန်း တစ်ခု၊ သင်္ချာတန်း တစ်ခု၊ အင်္ဂလိပ်စာတန်း တစ်ခု ယူရတယ်။ Jisung က​တော့ တရုတ်စာတန်းကို ယူထားပါတယ်။ မ​မျှော်လင့်ဘဲ ပြန်​တွေ့ရတာ​တော့ စက်ဘီးငှားစီးတဲ့ တရုတ်​က​လေးပဲ။

အတန်းချိန်​တွေက ဘာသာစကားတန်းကလွဲရင် အတူတူပါ။ အိပ်ရာထ​နောက်ကျလို့ ကသုတ်ကရိုက်နဲ့ ​ပြေးသွားရတဲ့ ​နွေ​ကျောင်းမနက်ခင်းမှာ ထိုင်ခုံ​ဖော်အဖြစ် ဆုံ​တွေ့လိုက်ရတာက​တော့ ခပ်​အေး​အေးပြုံး​နေခဲ့တဲ့ ​ကောင်​​လေး..Zhong Chenle တဲ့။

"ငါ့ စက်ဘီး​လေ။"

​နွေ​ကျောင်းရှိတဲ့ အ​ဆောက်အအုံနဲ့ အနီး​လေးမှာတင် Jisung တို့ အိမ်က ရှိတာမို့ ​ပြေးလာရုံတင်။ Chenle တို့ အိမ်က​တော့ ဝန်ထမ်းအိမ်ရာရဲ့ ဟိုးအဆုံးမှာမို့ စက်ဘီးနဲ့ လာပုံပဲ။

ဂုဏ်ယူ​နေသလိုမျိုး မျက်လုံး​တွေက ​တောက်ပရွှန်းလဲ့​ပြီး ခပ်ကြွားကြွား။ Chenle က မျက်လုံး​တွေမှာ စိတ်ခံစားချက် အားလုံးကို ပုံရိပ်ဟပ်​စေသူဆိုတာ စ​တွေ့တည်းက ရိပ်စားခဲ့မိသား။

သိပ်ကို ဖတ်ရလွယ်​နေတဲ့ မျက်ဝန်း​တွေ​လေ။ ကြည်ကြည်လင်လင်၊ ​တောက်​တောက်ပပ၊ ရိုးရိုးသားသား ထွန်းလင်း​နေတဲ့ အဲ့မျက်ဝန်း​တွေ။ စ​တွေ့တည်းက​နေ အခုအချိန်အထိ Jisung ဟာ အဲ့မျက်ဝန်း​တွေထဲ ပိတ်မိ​နေခဲ့တာပါ။ ရုန်းထွက်ဖို့ စိတ်​တောင်မကူးရက်ခဲ့နိုင်တဲ့ နွံက​လေး​ပေါ့ကွယ်။

"မင်းဟာကလည်း ငါ့စက်ဘီးနဲ့ အတူတူပါလား။"

"မတူပါဘူး။ ငါ့ဟာက ​ဘေးက ဘီးနှစ်ဘီး မပါဘူး​လေ။"

Chenle စက်ဘီးက​လေးကလည်း အပြာနု​ရောင်​လေးပါ။ ​နံနက်အ​စောပိုင်းမှာ မြင်ရတဲ့ ​အေးမြရိပ်​ဆောင် ​ကောင်းကင်ပြင်လို။

Jisung စက်ဘီးက​လေးနဲ့ တံဆိပ်ကစလို့ အ​ရောင်အဆုံး အတူတူမို့ Chenle တစ်​ယောက် Jisung စက်ဘီးကို သ​ဘော​ခွေ့သွားဟန်ပါ။ "မင်းစက်ဘီး​လေး သ​ဘောကျလို့ လိုက်ဝယ်တာ" လို့ ​ပြောသံ​ ကြားချင်လို့ စကားစရစ်​ပေမယ့် စကားသိပ်မတတ်သူက ​ဖြေချတာ တုံးခနဲ၊ တိခနဲ။ စကားများသာ မွှတ်​နေ​အောင် တတ်လာရင် Jisung တို့ ထိုင်ငို​နေရမလား မသိပါ။

 𝙏𝙝𝙚 𝙁𝙞𝙛𝙩𝙝 𝙎𝙪𝙢𝙢𝙚𝙧 𝙒𝙚 𝙈𝙚𝙚𝙩【ᴀ ɴᴄᴛ's ᴄʜᴇɴᴊɪ ғᴀɴғɪᴄᴛɪᴏɴ】Where stories live. Discover now